2017.9.23 ☁"နီနီ ဘာတွေလုပ်နေတာလဲဟင်"
"ပန်းချီဆွဲနေတာပေါ့လီလီလေးရဲ့"
"ဟင် နီနီ့ရဲ့ ပန်းချီကလဲ ပြာပြာရီး ဒီတိုင်းပြောင်ရီးပဲလား"
"ဘယ်ဟုတ်မလဲကလေးရယ် ဒါက ဒီတိုင်းဆိုရင်တော့ ဘာမှမဟုတ်တဲ့ အပြာရောင်ကြီးဖြစ်ပေမဲ့ ဒီအပေါ်မှာ တိမ်အဖြူရောင်လေးတွေ ဆွဲလိုက်ရင်တော့ ဒါကကောင်းကင်ကြီးဖြစ်မှာပေါ့"
"ဟုတ်တယ်နော် ခစ်ခစ်"
"ဒီပန်းချီကားချပ်ပေါ်မှာ တိမ်အဖြူကိုပဲပုံဖော်ရင်ကော"
"အဲ့လိုဆိုရင်လဲ ဘယ်ပုံပေါ်တော့မလဲကွယ် ပန်းချီကားကိုက အဖြူရောင်လေ
တိမ်ဖြူလေးသိသာရင်တောင် အဓိပ္ပါယ်မရှိဘူး""ဒါဆို တိမ်ဖြူလေးက လီလီလား"
"လီလီလေးက အဲ့လိုထင်တာလား"
"ဟုတယ်လေ နီနီဆိုတဲ့ အပြာရောင်ကောင်းကင်ကြီးမရှိရင် ဟောဒီက တိမ်ဖြူလေးဖြစ်တဲ့ လီလီ ရဲ့ဖြစ်တည်မှုလေးဘယ်အဓိပ္ပါယ်ရှိမလဲ နော်"
"ဒီကလေးငယ်လေးကတော့!"
☁'s
နီ့ရဲ့ လီလီလေးကလေ သိပ်ချစ်ဖို့ကောင်းတာ
ပါးဖောင်းဖောင်းလေးတွေ
စိတ်ကောက်တိုင်းဆူသွားတတ်တဲ့
နှုတ်ခမ်းထူထူလေးတွေ
ဆံပင်သားလှလှလေးတွေ
ကြောင်မျက်လုံး ဝိုင်းဝိုင်းလေးတွေ
ဘဲလေးနဲ့တူတဲ့လီလီ...
သဘောအကျရဆုံးက နှာခေါင်းလုံးလုံးလေး
ရယ်လိုက်တိုင်းပေါ်လာတဲ့ သွားဖွေးဖွေးလေးတွေ
မိုနာလီဆာထက် ပိုလှတဲ့အပြုံးပိုင်ရှင်လေး
အဲ့လို ပြီးပြည့်စုံတဲ့ အဖြူရောင်တိမ်တိုက်လေးတွေလို ဖြူစင်တဲ့ကလေးငယ်လေးက ကျွန်မအပိုင်တဲ့လေ တွေးကြည့်ရုံနဲ့တင် တကယ်ပျော်ရွှင်ဖို့ကောင်းတာပါပဲ နိဗ္ဗာန်ဆိုတာကလေ တို့ချစ်ရတဲ့ လီလီဆိုတဲ့ကောင်မလေးအနား ရှိရတဲ့အချိန်တွေပါပဲ အချစ်မှာ ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းနှစ်မျိုးရှိရင် လီလီလေးအပေါ်ထားတဲ့ချစ်ခြင်းက
နားလည်ပေးခြင်းလေးပဲဖြစ်မယ် သိပ်လှလွန်းတဲ့ကောင်မလေးကိုပိုင်ဆိုင်ထားရတာကြောင့် သဝန်တိုရတဲ့ကိစ္စဟာ နေ့စဥ်အလုပ်လေးတစ်ခုလိုပါပဲ ဒါပေမဲ့လေ ကိုယ့်ကိုပဲချစ်မှန်းသိနေတော့
သူချစ်တာကိုယ်ပါလားဆိုတဲ့ အတွေးလေးနဲ့တင်ကြည်နူးဖို့ကောင်းလိုက်ခြင်း။
လီလီဆိုတာ နီနီ့ရဲ့မရှိမဖြစ် တိမ်တိုက်လေး...
YOU ARE READING
LOVE STORY
Randomအနာဂတ်မှာဘာတွေပဲဖြစ်လာပါစေ ကိုယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးကတော့ စစ်မှန်ပြီးလှပခဲ့ပါတယ်