"Part 9" (Unicode)

6.2K 282 25
                                    

"ကိုယ်သိပ်ချစ်တဲ့ လူတစ်ယောက်က..

အမြဲကိုယ့်အနားမှာ ရှိနေပေးတယ်..။

ဒါပေမယ့် သူ့ရဲ့စိတ်တွေကတော့..

ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ဆီမှာ...။

                            (ခနှောင်းခကြွေ)

  "To his bosom again" (Part 9)

  "To his bosom again" (Part 9)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode;~~~~~~

မျက်ရေအဝဲလျှက်နဲ့ မြင်ကွင်းရှေ့မှ ပြေးထွက်သွားသည့် မြေနိမ့်ရာကို သဝဏ်အာဏာပိုင်တစ်ယောက် မြင်လိုက်သည်။

ဘာကို မြင်ပြီး ဝမ်းနည်းသွားရပြန်တာလည်း..။ အတော့်ကိုပင် စိတ်ပျက်စရာကောင်းလှသည်။

မြစ်ရေလိုပင် မကုန်မခမ်းနိုင်တဲ့ အဲ့ဒီ့မျက်ရေတွေကို တစ်ခါတစ်ခါလည်း အရမ်းကိုအမြင်ကပ်ရပြန်သည်။

အချိန်ပြည့် ငိုနေတာ..။
ငိုတာကိုများ အလုပ်တစ်ခုလိုများ မှတ်နေတာလား မြေနိမ့်ရာ။

"အယ်..ဟို.., ဟိုမောင်လေး"

"မ..ဘာဖြစ်လို့လဲ"

"မဟုတ်ဘူးလေ ခုနကကောင်လေး.."

"အစ်မကြွေ..,
အဲ့အတိုင်းဘဲ အလွမ်းသယ်ပြီး ရပ်နေတော့မှာလား အိမ်ထဲဝင်ထိုင်လေ မကြွေရဲ့"

"ဟာ... ခွန်းကလည်း..,
ဒီက မောင့်ကို လွမ်းလို့ပါဆိုနေ"

"ဟုတ်ပါပြီဗျာ "မ"ရာ..,
ကျွန်တော့ကိုဘဲ အလွမ်းသယ်မနေနဲ့အုန်း အထဲသွားမယ် လာ.."

"………………"

အဲ့ဒီ့နေ့...။
အဲ့ဒီ့နေ့ကတည်းက ကျွန်တော် ရေပြင်မှာ မျှောနေတဲ့သေလူတစ်ယောက်လိုဘဲ..။

ဘာတစ်ခုမှ မလုပ်ချင်တော့ဘူး…။

အရင်တည်းက ကျွန်တော်စိတ်မဝင်စားတဲ့စာတွေကို ကျွန်တော်လုံးဝမကျက်ချင်တော့ဘူး။

To his bosom againWhere stories live. Discover now