" ကျွန်တော်တို့ ဒီမှာတင်ရပ်ရအောင် "
ဆောနူ ရုတ်တရက်ကြီး နီခီသူ့ကိုဘာပြောလိုက်မှန်းမကြားလိုက်။
အစောလေးတင်ကမှ schedule တစ်ခုကနေပြန်လာတဲ့ နီခီက ဘာမှမစားရသေးပုံရတာမို့ dorm ရဲ့ kitchen ထဲ ခေါက်ဆွဲဝင်ပြုတ်ပေးနေတုန်း နီခီက အနောက်ကရောက်လာတာဖြစ်သည်။
" ဟင်....ဘာပြောတာလဲ "
" ကျွန်တော်တို့လမ်းခွဲကြမယ် ဆောနူ "
ပွက်ပွက်ဆူနေတဲ့ ခေါက်ဆွဲပြုတ်အိုးကို တူနဲ့ ထိုးမွှေနေတဲ့ ဆောနူလက်တွေရပ်တန့်သွားရသည်။
ဂတ်စ်မီးဖိုကခလုတ်ကို ပိတ်လိုက်ပြီး လှည့်ကြည့်မိတော့ နီခီက ေဆာနူကိုကြည့်မနေပဲ အနောက်က နံရံကိုသာစိုက်ကြည့်နေသည်။
ခဏတာကြောင်အ နေပြီးမှာတော့ ဆောနူ ပြုံးလိုက်ပြီး တစ်ဖက်ပြန်လှည့်ကာ အိုးထဲက ခေါက်ဆွဲပြုတ်ကို ပန်းကန်တစ်ခုထဲလှယ်ထည့်ရင်း စားပွဲခုံပေါ်ချကာ ပြောလိုက်သည်။
" လာနောက် မနေနဲ့...ဗိုက်ဆာနေတာမဟုတ်လား ထိုင်လေ "
ဆောနူကသာ ခုံမှာဝင်ထိုင်လိုက်ပေမယ့် နီခီကတော့ သူရပ်နေတဲ့နေရာကနေမရွေ့ပဲ ဆောနူကို စိုက်ကြည့်လာသည်။
တလျှောက်လုံး ပြုံးနေမိတဲ့ ဆောနူမျက်နှာပေါ်က အပြုံးတွေလည်း တဖြေးဖြေး ေပြလျော့ကုန်ပြီး စားပွဲခုံအစွန်းကို လက်နဲ့ ဆုပ်ကိုင်ထားမိသည်။
" ဆောနူနဲ့ တွဲရတာ ငြီးငွေ့လာပြီ....ဆောနူက အရင်လိုပျော်စရာမကောင်းတော့ဘူး...."
" ဒီလောက်ပဲ ငါ့ကို နောက် တော့..... မင်းဟာသတွေက မရယ်ရတော့ဘူး "
" နောက်နေတာမဟုတ်ဘူး....ဆောနူကို ဒီတိုင်း ဘယ်လိုပြောရမလဲ...အရုပ်ကလေးလို လှလို့...စနောက်ရင် ပျော်စရာကောင်းမှာပဲဆိုပြီး တွဲခဲ့တာ..."
"အဲ့တာက.... ထရိန်နင်ကာလထဲက လား....ထပ်ပြီးပြောရင် ငါတကယ် မင်းကိုတစ်ခုခုလုပ်မိတော့မယ် နီခီ "
ဆောနူ ထိုင်နေရာကနေ ထရပ်မိတာ ခုံအစွန်းကိုကိုင်ထားမိတဲ့လက်တွေ တုန်ယင်နေတာ သတိထားမိသည်။