한여름 밤의 dream

2.2K 198 14
                                    

" ဒါကပိုကောင်းမလား ဒါမှမဟုတ် ဒါကပိုကောင်းမလား "

အဝတ်တစ်စုံပြီးတစ်စုံကို သူ့ခန္ဓာကိုယ်တွင်ကပ်၍ ရွေးမဆုံးဖြစ်နေသော Stylist အစ်မကြောင့် ဂျောင်ဝန်း စိတ်ညစ်စွာ သက်ပြင်းမောကြီးချလိုက်မိသည်။

" ဒီလောက်နဲ့ တော်ပါတော့လား Noona
Milan က Fashion show ကို သွားမှာလည်းမဟုတ်ဘူး.. ဘာတွေဒီလောက်ထိပုံကြီးချဲ့ချင်နေတာလဲ "

" yah.. Milan က Fashion show လောက်နီးပါးအရေးကြီးတဲ့ပွဲမို့ ပြောနေတာပေါ့ .. ဒီပွဲရဲ့ဖိတ်စာကိုရဖို့အတွက် ဂျယ်ယွန်း oppa နင့်အတွက် ဘယ်လောက်ထိရုန်းကန်လိုက်ရလဲသိလား "

ဂျောင်ဝန်းက တက်သစ်စ Model လေး တစ်ယောက်ဖြစ်၏။ တက်သစ်စဆိုသည့်အတိုင်း သူ့အနေအထားက အရမ်းကြီးတော့  လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားမနေပေမယ့် လူမသိ သူမသိနုံချာချာအနေအထားကြီးလည်း မဟုတ်ရပါ။

Designer Brand အချို့တွက် Photo Model အနေနဲ့ သူဒီလောကထဲကို ခြေလှမ်းစဖြစ်ခဲ့တာ 6 လ နီးပါးသာရှိသေးပေမယ့် အချိုးအစားကျလွန်းတဲ့ သူ့ခန္ဓာကိုယ်ကြောင့်ရော unique ဖြစ်လွန်းတဲ့ posture တွေကြောင့်ပါ အချိန်တိုတွင်း နာမည်ရလာခဲ့တာဖြစ်သည်။

ဘယ်အဝတ်အစားမဆို သူ့ခန္ဓာကိုယ်ပေါ်တင်လိုက်သည်နှင့် အချိုးကျလှပနေပြီး ဆွဲဆောင်မှုရှိသည့် မျက်လုံးထောင့်စွန်းလေးများနှင့် အလှပစံနှုန်းအတော်များများကို ကိုက်ညီနေသောမျက်နှာလေးကြောင့် လုပ်ငန်းအတော်များများမှ သူ့ကို Model အဖြစ်သုံးချင်ကြ၏။

မကြာသေးမီကမှ သူသည် Runway အတွေ့အကြုံကိုပါ ရခဲ့သည်အထိ သူ့အနုပညာလမ်းကြောင်းအခြေအနေက ဖြောင့်ဖြူးနေခဲ့သည်။

သို့ပေမယ့် ဤအခြေအနေထိ ရောက်လာသည်က သူ့ပြီးပြည့်စုံမှုတွေကြောင့်သာမဟုတ်ဘဲ သူ့မန်နေဂျာတစ်ဖြစ်လဲ ဂျယ်ယွန်း hyung ရဲ့ အဆက်အသွယ်အားကောင်းမှုတွေ အများကြီးပါဝင်နေ၏။

မင်းက အရုပ်လေးလို လှလှပပလေး ရပ်နေပြပါ .. ရုန်းကန်တာကို ငါပဲလုပ်ပါ့မယ် ဟုတွေးတောထားပုံရသော ဂျယ်ယွန်း hyung သည် အဆက်အသွယ်ကောင်းများအတွက် အမြဲမပြတ် စုံစမ်းလှုပ်ရှားနေတတ်ပြီး သူ့လမ်းကြောင်းကို ဆက်တိုက်ခင်းပေးနေရှာပါသည်။

Upper Side Dreamin Where stories live. Discover now