ခြွေညို့နိုင်လွန်း သူ Part 1

3.7K 33 3
                                    

   ခြွေညို့နိုင်လွန်း သူ
                                           or
                                                      ဖိုက်တာလို ချွေးမ
.

" အမေ ညို အလုပ်သွားတော့မယ် "

" သွားတော့မှာလား... ဒီမှာ ထမင်းချိုင့်ထုပ်ထားတယ် "

မီးဖိုခန်းဘက်ကနေ ထွက်လာရင်း အမေ က
မေးသည်။ ညို အမေကမ်းပေးနေတဲ့ ထချိုင့်ကို လှမ်းယူရင်း...

" ဘာဟင်းလဲ အမေ "

" ဘာဟင်းလဲ ဆို အလွယ်ချက်လို့ရတဲ့ ဘဲဥ ဟင်းပေါ့ အေ... ဒီနေ့ က ချဲထွက်မယ့်နေ့လေ။အမေလုပ်ရှူပ်တဲ့နေ့ဆိုတာ သမိီးသိတယ်မလား "

အမေ က ဘဲဥဟင်းချက်တာကို သူ့အား အပြစ်ပြောမှာဆိုးတာကြောင့်... သူ့အလုပ်ဖြစ်တဲ့
"ချဲ" ကို အကြောင်းပြ၍ တစ်ခါတည်းပိတ်ပြောလာသည်။

" ချဲတောင်ထွက်ပြီလား... "

" ထွက်ပြီလေ ငါ့သမီးရဲ့... အဲ့ဒါကြောင့် အမေ က
ဒီနေ့ထမင်းဘူးကို အချိန်ကုန်သက်သာတဲ့ ဘဲဥဟင်းချင်ထည့်ပေးလိုက်တာ။ပြီးတော့ အားလည်းရှိတယ်၊အရဟာလည်းဖြစ်တယ်မလား... "

အမေ့စကားကြောင့် ညို အပြုံးတစ်ပွင့်နဲ့ ခေါင်းလေးငြိမ့်ကာ အိမ်ကနေ ထွက်လာခဲ့လိုက်တယ်။

" ဘက်စ်ကားစီးတာ ဂရုစိုက်နော်။ခါးပိုက်နှိုက်တွေနဲ့ တဏှာကောင်တွေက ဘတ်စ်ကားတွေပေါ်မှာ
မှိုလိုပေါက်နေတာ "

" ဟုတ်ကဲ့ အမေ "

လမ်းထိပ်က ဘက်စကားဂိတ်ဆီသွားဖို့... အိမ်ပေါ်ကနေ ဆင်းလာတဲ့ ညို့ကို အမေက နောက်ကနေ
အော်ပြောနေတာမို့... နောက်ကိုခေါင်းလေးလှည့်ကာ ပြန်ဖြေခဲ့ရသေးသည်။

ဒီနေ့အိပ်ရာကထတာ နောက်ကျသွားတာမို့...
အမေ့ကို သူ့ဆိုင်ကယ်လေးနဲ့ လမ်းထိပ်က ဘက်စ်ကားဂိတ်ကို လိုက်ပို့ခိုင်းချင်ခဲ့တာ။ဒါပေမဲ့... ဒီနေ့က သုံးလုံးဂဏာန်း "ချဲ" ထွက်တဲ့နေ့ မဟုတ်လား။

ဒီလိုနေ့မျိုးမှာ နှစ်လုံးဂဏာန်းနှင့် သုံးလုံးဂဏာန်း လက်ခွဲဒိုင်ကိုင်နေပြီး၊ကိုယ်တိုင်းလည်း အကြီးစား
ရောင်းသူလုပ်နေတဲ့... အမေအဖို့ သာမန်နေ့တွေထက် အလုပ်ပိုများလေသည်။

ခြွေညို့နိုင်လွန်း သူWhere stories live. Discover now