Part 5

1.1K 7 2
                                    

               ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၅)           ဖိုက်တာလို ချွေးမ
.

" ကျွန်တော် ပြန်ရောက်ပါပြီ "

တိုက်, ကောင်မလေးနှစ်ယောက်ကို ​လိုက်ပို့ပေးပြီး
အိမ်ပြန်ရောက်လာတော့... ဒယ်ဒီရော မာမီရောက
မအိပ်ကျသေးဘဲ ဧည့်ခန်းမှာပဲ ထိုင်နေကြသေးတာမို့... ပြန်ရောက်ကြောင်းပြောပြီး အပေါ်ကိုတက်လာခဲ့သည်။

" မော်ကွန်းတိုက်! မင်း လုပ်ချင်တာ လုပ်ပြီး၊အပေါ်တက်သွားဖို့ မစဥ်းစားနဲ့။အခုချက်ချင်း ဒီမှာလာထိုင်စမ်း "

နောက်ကျောဘက်ဆီမှ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ မာမီ၏စကားသံကြောင့် လှေကားထစ်တွေဆီ တက်ဖို့လှမ်းနေတဲ့... တိုက်,ရဲ့ခြေလှမ်းတွေက ရပ်တန့်သွား၏။

" မင်း ကို ဒီမှာ လာထိုင်ဖို့ မာမီပြောနေတယ်မလား
မော်ကွန်းတိုက် "

ထပ်ပြီး ပြောလာတဲ့ မာမီ့စကားသံမာမာကြောင့်...
တိုက်, စိတ်အိုက်စွာဖြင့် ပင့်သက်ရှိုက်မိသည်။အဲ့နောက် အပေါ်ကိုတက်တော့မယ့် ခြေလှမ်းတွေကို
မာမီတို့ထိုင်နေတဲ့ဆီကို ပြန်လှည့်သွားလိုက်ရသည်။

" ကျွန်တော့်ကို ဘာပြောချင်လို့လဲ မာမီ "

" မင်း ဘယ်လိုအချိုးမျိုး ချိုးလိုက်တာလဲ မော်ကွန်းတိုက် "

" မာမီ ဘာကိုပြောချင်တာလဲဆိုတာ ကျွန်တော် နားမလည်းဘူး "

" အဟင်း မင်း က လုပ်ချင်တာ လုပ်ပြီး၊မိဘတွေကို
အရူးကွက်နင်းဖို့လုပ်နေတာပဲ။မင်း က မေးတဲ့ မေးခွန်းကို မသိဘူးဆိုနေတော့လည်း မာမီ က တဲ့ပဲပြောရတော့မှာပေါ့ "

" မင်း မာမီတို့နဲ့ သမီးဝတ်ရည် ကို ပစ်ထားခဲ့ပြီး၊ပြာယာခတ်နေတဲ့ ပုံစံနဲ့ ပြန်လိုက်ပို့တဲ့... ဘယ်ကမှန်း မသိတဲ့ အဲ့ကောင်မလေးက ဘယ်သူလဲ။မင်းနဲ့ ဘယ်လိုမျိုး ပတ်သက်နေတာလဲ။မာမီတို့ကို
မလိမ်ညာဘဲနဲ့ ဖြေစမ်း "

ဘာမှ မဟုတ်တဲ့ ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်နေတဲ့ မာမီတို့ကို တိုက်, တကယ်ပင် စိတ်ပျက်မိ၏။

You've reached the end of published parts.

⏰ Last updated: Nov 22, 2023 ⏰

Add this story to your Library to get notified about new parts!

ခြွေညို့နိုင်လွန်း သူWhere stories live. Discover now