"အင့်"
ပခုံးတွေ တုန်ယင်လျက် ကိုကို့ဆီမှ ထွက်ပေါ်လာသော ရှိုက်သံတစ်ချက်~~
ဝမ်းနည်းနေသူအား ထွေးပွေ့လိုပေမယ့် သူနဲ့ဝေးရာကိုသာ ထွက်ပြေးချင်နေသောသူ
"ကိုကို မငိုလို့မရဘူးလားဗျာ.."
သူ ခပ်တိုးတိုးရေရွတ်မိသည်မှာ ကိုကို့မျက်ရည်တွေအား မမြင်ရက်၍
ကိုကိုကတော့ ထုံးစံလိုပင် သူ့စကားနားမထောင်စွာ ရှိုက်ငိုနေဆဲ။"ကျွန်တော် မှားတယ် မှားသွားတာမို့တောင်းပန်ပါတယ် နော် ကိုကို ငိုတော့မငိုပါနဲ့လား ကျွန်တော်ရင်တွေနာလို့ပါ.."
အသံတိတ် မျက်ရည်ကျနေသော ကိုကိုဟာ သူ့အားကျောပေးလျက် ရှိုက်နေမြဲပင်။
သူ အလျော့ပေးတာလွန်သွားသည်ထင်၏။
ကိုကို သူ့စကားနားမထောင်သည့်အပြင် ကျောပေးကာ လျစ်လျူရှုထားသည်မို့"ကိုကို အဲလို ဆက်ငိုနေရင် ကျွန်တော် နမ်းလိုက်မှာနော်!"
သူပြောလိုက်သည့် ခြိမ်းခြောက်စကားကြောင့် ကိုကိုက သူ့အားချက်ခြင်းလှည့်ကြည့်လာသည်။
သူ တမင်ပင် မျက်နှာကို ခပ်တင်းတင်းထားလိုက်ကာ ပြန်ကြည့်ပေးလိုက်တော့"အဲလို ခြိမ်းခြောက်လို့ရမယ်ထင်နေလား!"
"ထင်တယ်ဆိုရင်ရော?!"
ပိုင်ရှင်ရှိနေ၍ ကိုကို စိတ်ဆင်းရဲမည် စိတ်ရှုပ်မည်ဆိုး၍ သူ တမင်လွှတ်ပေးထားခြင်းအား ကိုကိုက အဟုတ်ကြီးထင်နေသည်ပင်။
မဟုတ်ပါချေ။
သူ့အနေဖြင့် အခုချိန်မှစ ကိုကို့အနားတွင်နေခွင့်ရရန် ဘာမဆိုလုပ်တော့မည်ဖြစ်သည်။
ကိုကို့တွင် အနှောင်အဖွဲ့ကင်းလွတ်သွားပြီလို့ သူ ယူဆမိတာကြောင့်...ငိုထား၍ နဂို မျက်အိမ်ဖောင်းပြီး သိပ်လှတဲ့ မျက်ဝန်းတွေဟာ နီရဲနေသည်တောင် လှနေဆဲ။
အင်း..တုန်ယင်နေတဲ့ နှခမ်းပါးလေးတွေဟာ ဆွဲဆောင်အား ကြီးလွန်းသည်။"အနမ်းမခံချင်ရင် ကျွန်တော်နဲ့လိမ်လိမ်မာမာလိုက်ခဲ့လိုက် ကိုကို"
"မလိုက်ဘူး ငါ တစ်ယောက်တည်း ပြန်မှာ!"
"သေချာလား?"