ပူတဲ့ရာသီမှာ ရေခဲချောင်းမြင်ရင်ကို အလိုလိုပြေးကိုက်ချင်မိတာ neoအလွန် မဟုတ်ပါ..။
သို့ပေမင့် သူ၏ချစ်လှစွာသော
သူငယ်ချင်းကောင်းလေး khaoသည်
ရေခဲချောင်းဝယ်လာတိုင်း
သူ၏ရေခဲချောင်းတစ်ခြမ်းကို
neo အား ဘယ်သောအခါမှ မကျွေးပါ။Khao ဝယ်စားနေကျ ရေခဲချောင်းမှာ
လိပ်ပြာပုံဖြစ်ပြီး လိပ်ပြာပုံဆိုသည့်အတိုင်း တောင်ပံပုံနှစ်ခြမ်းပါပြီး
တောင်ပံတစ်ခုစီတွင် ရေခဲချောင်းတုတ်လည်း တစ်ချောင်းစီပါလေသည်..။"တခါတလေလေး အဲ့တစ်ခြမ်း
ငါ့ကျွေးပါလား
ဘတ်နှစ်ဆယ် ပေးမယ်..""မရဘူး..မကျွေးဘူး.."
"တစ်ခုလုံး စားနိုင်တာလည်း မဟုတ်
အမြဲ မစားခင် ရေခဲချောင်းနှစ်ခြမ်း
အရင်ခွဲလိုက်ပြီးမှ..""တုတ်ကလည်း နှစ်ချောင်းပါတာကို..
နှစ်ခုခွဲမှ ရမှာပေါ့..""အေးလေ..ဒါမို့ ကျန်တဲ့တစ်ခြမ်း
ငါ့ကျွေး..""မကျွေးဘူး.."
neoကလည်း neoပင်ဖြစ်သည်..။
ကျောင်းဝန်းကထွက်
လမ်းကူးလိုက်လျှင်ပင် ရောက်သော
Sevenဆိုင်ကို မသွား..။
ဘယ်တော့မှ တောင်းမရသော
Khaoဆီမှ ရေခဲချောင်းတစ်ခြမ်းသာ
ပေကတ်ပြီးတောင်းလေ့ရှိသည်..။တောင်းတိုင်းလည်း
တစ်ခါမှ မရပေမဲ့ပေါ့..။ချန်ထားသော လိပ်ပြာရေခဲချောင်းတစ်ခြမ်း အရေပျော်လုလု အခြေအနေရောက်မှ ပြိုင်ဘက်ကင်း ပထမ
အမည်လွှဲ firstသည် ရှည်ကိုင်းသော အရပ်ဖြင့် ဆိုက်ရောက်လာလေသည်..။"နေ အရမ်းပူတာပဲ..
ပူလွန်းလို့ သေတော့မယ်တောင်
ထင်ရတယ်.."ပြောရင်းက khaoလက်ထဲမှ လက်ကျန်..
တကယ်က တမင်ချန်ထားသော လိပ်ပြာရေခဲချောင်း တစ်ခြမ်းစီ အကြည့်ရောက်လာသည်..။"Khao.. ရေခဲချောင်းတစ်ခြမ်း
ပြန်ရောင်း.."Khaoဆီမှ ပေကတ်ကတ်အကြည့်တစ်ချက် အရင်ရောက်လာသည်..။
"ငါ ဝယ်ထားတာ ဆယ်ဘတ်..
တစ်ဝက်ဆို ငါးဘတ် ပေး.."firstမှ ချက်ချင်းဆိုသလို
ဘောင်းဘီအိတ်ကပ်ထဲ
လက်နှိုက်ပြီး အရံသင့်ထည့်ထားသော
အကြွေစေ့ ငါးဘတ်တန် တစ်စေ့ကို ထုတ်၍ khaoဆီ ကမ်းပေးလိုက်သည်..။ဖြစ်ရိုးဖြစ်စဉ် မြင်ကွင်းကို
ထပ်တလဲလဲပြန်ကြည့်နေရသော
neoဆီမှ အော်အသံကျယ်ကြီး
ထွက်လာသည်..။"Sevenဆိုင်ပဲ သွားတော့မယ်ဟေး.."