ပိုင်း (၄)

898 43 3
                                    

...ဘ၀က...
နေတတ်ရင် ကျေနပ်စရာတဲ့...
တချို့ ကပြောကြတာ...
မှန်နေပေမယ့်လည်း...
.
တစ်ခါတလေ...
ေကျနပ်စရာဖြစ်ဖို့...
နေတတ်ဖို့အတွက်...ကိုယ့်ရဲ့စိတ်ကို
ဘယ်လောက်ထိ ပေးဆပ်ရင်းနှီးလိုက်ရလဲဆိုတာ...
တချို့က  မသိပါဘူး....
ပြောဖို့သာ လွယ်နေပေမယ့်...
လုပ်ဖို့က ခဲရင်းပါတယ်...
.
ကိုယ်မနေချင်တဲ့အရပ်ကနေ...
ကိုယ်နေချင်တဲ့ အရပ်ကို ရောက်ဖို့...
ကျေနပ်နေလို့မရခဲ့ပါ...။
.ဖြည်းဖြည်းချင်း အားထုတ်ယူရတာမို့...
နေတတ်ပါတယ်လို့...
ခပ်တိုးတိုး ရေရွတ်ရင်း....
မကျေနပ်လည်း...
ကျေနပ်ရတော့သည်။....
.
.............................................................

Lisa  နဲ့  Chaeyoung ရွာဘက်ကို ပြန်ရောက်နေသည်။...
.
Lisa ရဲ့ တောင်းဆိုမှုကြောင့်...
Mr Li Manoban က သူ့အလုပ်နားရက်တွေမှာ...အလည်ပြန်ပို့ထားတာပါ...။
.
Chaeyoung က လိုက်ချင်လို့ ဆိုလာတော့...Mrs Park က...စိတ်မချခြင်းတွေ့နဲ့..သားဖြစ်သူကို...ထည့်လိုက်ရခြင်း....။
.
Lisa ရဲ့မွေးရပ်မြေ..ရွာလေးကို ရောက်တော့..
သူ့ရဲ့ ငယ်သူငယ်ချင်းတွေနဲ့..
Chaeyoung ကို မိတ်ဆက်ပေးသည်။
Chaeyoung က သဘော အလွန်ကောင်းတာမို့...
သူ့ ဆီကပါလာသမျှ မုန့်တွေကို ရွာက ကလေးတွေကို ဝေငှ ပေးမည်။
....ရွာဦးဘုန်းကြီးကျောင်းကိုလည်း...Lisa  နဲ့ အတူတူလိုက်သွားရင်း...
.
ကျောင်းသန့်ရှင်ရေး...ေ၀ယျာ၀ိစ္စ ကုသိုလ်ယူနေတဲ့ ...ရွာက လူတွေနဲ့လည်း မိတ်ဆက် စကားတွေဆိုခဲ့သေးသည်။...
.
ညနေစောင်းရောက်တော့မှ...
.
Lisa က ရွာထဲကို စက်ဘီးပတ်နင်းသည်။....
Chaeyoung နဲ့အတူတူပေါ့....
စက်ဘီးက တစ်စီးတည်း ရှိတာမို့...
တလှည့်စီ နင်းကြရင်း...။...
.
ရွာအပြင်ဘက် လယ်ကွင်းဘက်ဆီ...
ရောက်သွားလေသည်။..

ကြာပန်းတွေနဲ့လှနေတဲ့ ရေကန်ကို တွေ့တော့...
Chaeyoung တစ်ယောက် မနေနိုင်...။

. စက်ဘီးပေါ်က ရုတ်တရက်... ခုန်ဆင်းလိုက်တော့ Lisa လည်း သတိမထားမိတာမို့..စက်ဘီးလည်း..ယိုင်သွားပြီး လမ်းဘေးဘက်သို့ ..ထိုးကျခါနီးမှ...
.
"ကျွီ!....ကျွီ!...

ဘလိတ်အမြန်ဆွဲညစ်သည့် အဖြစ်...
မဟုတ်ရင်တော့...
Lisa တစ်ယောက် မြောင်းထဲမှာ စက်ဘီးနဲ့အတူ.. ပုံကျနေမှာ သေချာသည်။...
.
"Ya!...Chaeyoung Manoban..."

You've reached the end of published parts.

⏰ Last updated: Feb 01 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းများဖြင့် ထုံးဖွဲ့မည်...Jenlisa Where stories live. Discover now