လူကြီးတွေရဲ့စိတ်က ထူးဆန်းတယ်...
************
Moon's baker ဆိုတဲ့ဆိုင်ရှေ့တွင် စကိတ်ဘုတ်ကလေးကို ကိုင်ရင် ဆိုင်ထဲကို ငေးကြည့်နေတဲ့ကောင်လေးကို တွေ့မြင်နိုင်မည်ဖြစ်သည်။လက်ထဲတွင် ချောကလက်ပြားလေးကို ကိုင်ရင် ကောင်လေးဟာ ဆိုင်ရှေ့တွင် ယောင်လည်လည်ဖြစ်သည်။ဂျောင်ဂုတစ်ယောက် ဆိုင်ရှေ့တွင် ယောင်လည်လည်ဖြင့် ဟိုချောင်းဒီချောင်းလုပ်နေတာ အတော်ကြာပြီးဖြစ်သည်။ဆိုင်ထဲကို ဝင်ရမလိုလို မဝင်ရမလိုလိုနဲ့ ဂျောင်ဂုမှာ အတွေးများရသည်။ဝင်သွားရင်လည်း hyungက နှင်လွှတ်လိမ့်မည်။မဝင်ပဲ ဆိုင်ရှေ့မှာ ယောင်လည်လည်လုပ်ပြန်တော့လည်း အများက သူခိုးလို့ထင်လိမ့်မည်။
"ဟေ့ကောင်ဂျောင်ဂု!!!လာချောင်းပြန်ပြီး"
"ချီးး မင်းပါးစပ်ပိတ်ထားစမ်းကွာ...hyungသိရင် ငါ့ဆူလိမ့်မယ်"
"ဟိုက မင်းလို မနူးမနပ်အထက်တန်းကျောင်းသားအရွယ်ကို စိတ်ဝင်စားမယ်ထင်လို့လား"
"ငါအချစ်တွေကို hyungမြင်လာတဲ့တစ်နေ့ကျရင် ငါ့ကိုလက်ခံမှာပါကွာ"
လက်ထဲက ချောကလက်အပြားလေးကို ပွတ်သပ်ရင် ဂျောင်ဂုပြောမိသည်။hyungကအရမ်းလှတယ်။အသားလေးတွေဆိုဖြူဖွေးပြီးကြည်လင်နေသည်။နေရောင်ခြည်လေးထိတာနဲ့ ပန်းနုရောင်သန်းနေတာဖြစ်သည်။မျက်လုံးကြည်ကြည်လေးတွေ ကြယ်လေးများလို လက်နေသည်။ပန်းနုရောင်သန်းနေကာ ဆေးကူစရာမလိုတဲ့နှုတ်ခမ်းဖူးတွေက တကယ့်ကိုလှသည်။ခြုံငုံပြောရရင် hyungက တကယ်သက်ရှိကြွေရုပ်ကလေးဖြစ်သည်။
အဲ့ဒီသက်ရှိကြွေရုပ်လေးက သိပ့်လှလွန်းလို့ မိန်းကလေးရော ယောင်္ကျားလေးပါမကျန် သဘောကျကြသည်။ဒီအတွက်ကြောင့်လည်း ဂျောင်ဂုက hyungရဲ့ဆိုင်သူဖြစ်ချင်လှသည်။မဟုတ်ရင်တစ်ပါးသူဦးသွားလိမ့်မည်။
ချွင်~
မှန်တံခါးမှာချိတ်ထားတဲ့လူခေါ်ဘဲလ်လေးက ချွင်ဆိုတဲ့မြည်သံကြောင့် ဂျောင်ဂု အင်္ကျီကိုသပ်ရပ်အောင်ပွတ်ဆွဲလိုက်ပြီး ခေါင်းမှာဆောင်းထားသည့်ဦးထုပ်ကိုလည်း အသေအချာပြန်ဆောင်းလိုက်သည်။သူဟာဘယ်လိုပဲ ကလေးအရွယ်သာသာဖြစ်နေပါစေအုံး hyung ကိုချစ်တဲ့နှလုံးသားကတော့ အရွယ်နဲ့မလိုက်အောင်ကြီးလှပါသည်။