Chapter-2

184 13 4
                                    

"သား Doyoung အဲ့တာဆို အဆင်ပြေတဲ့နေရာမှာဝင်ထိုင်လိုက်နော် ပြီးတော့ ဟိုပြတင်းပေါက်နားမှာထိုင်နေတဲ့သူက Liam တဲ့သူက အတန်းခေါင်းဆောင် လွတ်သွားတဲ့စာတွေကို သူ့ဆီကကူးလို့ရတယ် Liam က Doyoung ကိုကူညီပြီးစာရှင်းပြပေးလိုက်နော်"

"ဟုတ်ကဲ့ ဆရာ"

ဒီလိုနဲ့ Doyoung ဒုတိယတန်းမှာဝင်ထိုင်လိုက်ပြီး Doyoung အတန်းထဲကသူတွေကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး အဲ့ချိန် သူ့အနောက်နား မျက်စောင်းထိုးမှာထိုင်နေတဲ့ ပါးချိုင့်လေးနဲ့ကောင်လေးကသူ့ကိုလှမ်းကြည့်နေတာတွေ့တော့ သူတို့နှစ်ယောက်အကြည့်ချင်းစုံသွားပြီးအဲ့ခါကျမှ Jaehyun ကအကြည့်လွှဲလိုက်ကာ.....အဲ့နောက်

နေ့လည်စာစားချိန်ရောက်တော့ Liam ကနေရာကထလာပြီး Doyoung အား

"Doyoung ကန်မ်တင်းသွားရအောင် ငါလိုက်ပို့ပေးမယ်"

"ကျေးဇူးပါ ဟို စာတွေကို.."

"ညနေကျောင်းဆင်းခါနီးရင် လွတ်သွားတဲ့စာတွေရှင်းပြပေးမယ်"

"အင်း...ကျေးဇူး"

"ရပါတယ် လုပ်သင့်တာကိုပဲကို"

ဒီလိုနဲ့သူတို့နှစ်ယောက် ကန်မ်တင်းထဲဝင်သွားတော့ ကျောင်းသား၊ကျောင်းသူတစ်ချို့က Doyoung အားစပ်စုသလိုကြည့်နေကြပြီး Doyoung စားစရာယူလာပြီးတော့ နေရာလွတ်တစ်ခုကိုရှာကာ ဝင်ထိုင်လိုက်ပြီး အဲ့နောက်သူနဲ့အတူ Liam ကပါဝင်ထိုင်မလို့လုပ်တော့ သူတို့နောက်ခုံက Liam သူငယ်ချင်းတစ်ချို့က

"Liam ဒီမှာမင်းအတွက်နေရာဦးပေးထားတယ် ဒီလာခဲ့လေ"

"မလာတော့ဘူး ဒီမှာ Doyoung တစ်ယောက်တည်း"

အဲ့အချိန် Doyoung သူ Liam ကို အားနာစွာနဲ့ကြည့်လိုက်ပြီး

"ဟို ငါတစ်ယောက်တည်းအဆင်ပြေတယ် သွားလိုက်ပါ"

Liam လည်းအတန်းခေါင်းဆောင်ပီပီ ဝေခွဲမရဖြစ်နေတာနဲ့ သူ့ကိုခေါ်တဲ့ဝိုင်းက ကောင်မလေးတစ်ယောက်ထလာပြီး Liam ကိုဆွဲခေါ်သွားကာ

Falling For U (JaeDo)Where stories live. Discover now