အပိုင်း (50.3)

1K 162 2
                                    

(50.3)

တစိမ်း တစ်ယောက်က သူ့အနားကို ကပ်လာတာကြောင့် အရမ်းကို ကြောက်လန့်နေကာ သူ့ကိုယ်ပေါ်မှ အမွှေးအမျှင်တွေက သတိအပြည့်နဲ့ ထောင်မတ်လို့ နေလေရဲ့။

လဲ့ဟွား က လီယွီ ကို ကြည့်ပြီးတော့ ပြောလိုက်တယ်။

'' မင်း ဒီကို လာတာ က တစ်ခုခု လုပ်ဖို့ မဟုတ်လား။ မင်း ဘာလုပ်စရာ ရှိတာ ပြီးသွားရင် လည်း အရင်ဆုံး ပြန်လိုက်တော့။ ''

လီယွီ က ထွက်သွား ဖို့ အစီအစဉ် မရှိပါပေ။

'' ကျွန်တော် က အကို့ရဲ့ စမ်းစစ် သုံးသပ်ချက်ကို စောင့်သွား အုံးမှာဗျ''

ဒါပေမယ့် လီယွီ က ဘယ်လောက်ပဲ တောင်းဆိုနေပါစေ နောက်ဆုံးတော့ သူက အိမ်အပြင်ကို ကန်ထုတ်ခြင်း ခံလိုက် ရတယ်လေ။

မီကျိုင်လေး စားလို့ ဝ သွားတဲ့ အချိန် ကျတော့မှ ပဲ လဲ့ဟွား က လက်ကို သွားဆေး ပြီးတော့ တံခါးနားက ဖော့ဘူးကို စာကြည့်ခန်း ထဲ ကို ယူသွားပြီး အချက်အလက် အစစ် က ဘာလဲ ဆိုတာကို သိရအောင်လို့ စစ်ဆေးဖို့ လုပ်လိုက် လေတယ်။

မီကျိုင်​လေး က ပါးစပ်ထဲမှာ သကြားခဲလေးတွေ ဝါးရင်းနဲ့ အမျိုးသား ရဲ့အနောက်ကနေ လိုက်လာကာ စာကြည့်ခန်း ထဲကို လိုက်ဝင် လာခဲ့ လေတယ်။

ထို စာကြည့်ခန်း ရဲ့ နေရာက အရမ်းကို ကျယ်ဝန်းပြီးတော့ ထိုထဲမှာ စာအုပ်စင်ကြီး ၃ စင် ရှိလေတယ်။ ထို စာအုပ်စင် တစ်စင် ခြင်းစီ တိုင်းမှာ အရမ်း အရေးကြီး တဲ့ စာချုပ်စာတမ်းတွေ အပြင် ထွင်းဖောက် မြင်ရတဲ့ ဖန် အံံဆွဲ အကြည်ဘူး တွေကို လည်း အများကြီး တွေ့ရလေတယ်။

ထို ထွင်းဖောက် မြင်ရတဲ့ အံဆွဲ တွေထဲ မှာတော့ တူးဖော် ရရှိ ရှာတွေ့ ထားတဲ့ အရေးကြီး အကျွင်းအကျန် တွေ ရှိနေ လေတယ်။ ပြီးတော့ ပြတင်းပေါက် အနီးနားမှာလည်း စားပွဲ ရှိကာ ထိုအပေါ်မှာတော့ အချက်အလက် စစ်ဆေး တဲ့ ကိရိယာတွေ မျိုးစုံ ရှိနေ လေတယ်။

လဲ့ဟွား က ဖော့ပုံးကို စားပွဲခုံပေါ် တင်လိုက် ပြီးတော့ ခေါက်ဓား ကို ယူကာ ချိတ်ပိတ်ထားတဲ့ ဖော့ပုံး ပတ်ပတ်လည်ကို အချက်ရေ အနည်းငယ် နဲ့ ဖြေလိုက်လေတယ်။

အကောင်ပေါက်လေးဒီကိုလာပြီး ချစ်စရာကောင်းမှုတွေကို ပြသပေး! Where stories live. Discover now