Why?(season 2)
"မောင်!!...မြန်မြန်လုပ်လေ ဘာတွေ ဒီလောက်ကြာနေတာလဲ နိုင်ငံခြားသွားမှာ မောင်လား သားလားတောင် မကွဲပြားဘူး"
"ပြီးပါပြီ သိက္ခာငယ် ရယ် မောင် သားကိုမှာစရာရှိတာမှာနေတာပါ သိက္ခာငယ်တို့များနော် မောင်ကိုဆို ဆူဖို့ကြီးဘဲ"ညိုးကျသွားတဲ့ မျက်နှာကြောင့် သိက္ခာတစ်ယောက် နှုတ်ခမ်းကိုကော့ညွန့်စာ ရီလိုက်သည်။
"ဟုတ်ပါပြီ မောင့်ရဲ့သိက္ခာငယ်က မောင့်ကို ချစ်လွန်းလို့ မျက်စိအောက်က အပျောက်မခံဘဲ လိုက်ကြည့်မိတာပါနော်။ဒါကို မောင်က အပြစ်မြင်တာလားပြော!"
"မဟုတ်ရပါဘူးကွာ သိက္ခာငယ်သဘော၊ဟုတ်ပြီလား"
"ဟုတ်ပြီ!ဟုတ်ပြီ!"
"အဟမ်း...!!သားရှိတယ်ဆိုတာလည်း သတိရပါဦး"
"သားကလည်း ဖေဖေ တို့ကို မနှောက်ယှက်ရဘူးဆိုတာ မသိဘူးလား ၀ဠ်လည်မယ်နော်"
"အခုလည်း ဘာ၀ဠ်လည်း မသိဘူး"
"အဲ့တာ လင်ပစ်၀ဠ်လေ"
"ပါးပါး!!"
"သွားမယ်! သွားမယ်!"လေယာဉ်ကွင်းမှာ အဆုံးမသတ်နိုင်တဲ့ နှုတ်ဆက်ချင်းတွေကြောင့် ထက်မာန် သူ့ယောက်ျားကို ဂုတ်ကဆွဲကာ ခေါ်သွားတော့သည်။
ကျွန်တော် အရောက်လာပြီ ဦး....
၆:၃၀pm
"မင်းရောက်ပြီလား?"
"အကိုက?"
"ငါက မင်းကို လာကြိုတာ မင်းက မျိုးခန့်မာန်?"
"ဟုတ်တယ် ကျွန်တော်ပါဘဲ"
"ငါ့ကို sun က လွတ်လိုက်တာ မင်းကို ကြိုဖို့အတွက်ပေါ့"
"ဟုတ်ကဲ့..."
"ဒီလမ်းပါ..."ဦးက ဘာလို့ ကျွန်တော့်ကို လာမကြိုတာလဲ?ဦးက ရှက်နေတာလား?... မဟုတ်လောက်ပါဘူး...ငါတို့ ဟိုဒင်းတောင် ဖြစ်ပြီးသားဘဲ ကို...
မျိုးခန့်မာန် တစ်ယောက် အတွေးလွန်ရင်းနဲ့ပင် တိုက်တစ်တိုက် အောက်ကို ရောက်လာခဲ့တယ်။ထိုမြင့်မားသော တိုက်များဟာ မြန်မာပြည်နဲ့ သိပ်ကွာခြားလွန်းလှသည်။
ဟုတ်တာပေါ့ ကျွန်တော်တို့မြန်မာပြည်က ပိုလှတာပေါ့။
မျိုးခန့်မာန် တစ်ချက်ပြုံးက ဘေးပ သူ့ကို စကားလာပြောတဲ့ သူကို ကြည့်လိုက်သည်။
"မင်းကို sun က ဒီကိုပို့ဖို့ပြောလိုက်တယ်။အခုရောက်ပြီဆိုတော့ ငါ သွားတော့မယ်။အခန်းနံပါတ် ၁၉၈၀ ကို သွားလိုက်။ရော့!"