1

275 38 12
                                    

ကျောင်းမဂ္ဂဇင်းမှာ ကျွန်တော်ဝင်ရေးခဲ့တဲ့ osလေးကို wpမှာ myanmar version နဲ့ ပြန်လာရေးတာပါ။ မင်းတို့လည်း အပျင်းပြေအောင်၊ ကျွန်တော်လည်း စိတ်ပြေလက်ပျောက်ဖြစ်အောင်။ bg songကတော့ eight letters ပါ။

Unicode

စုတ်တံလေးတစ်ချောင်းက ပန်းချီကားချပ်ပေါ်မှာ ပျော့ပျော့ပျောင်းပျောင်း ပြေးလွှားနေတယ်။ စုတ်တံကိုကိုင်ထားတဲ့ လက်တွေက ဖြူဖွေးသွယ်လျစွာနဲ့ ကျွမ်းကျင်မှုအပြည့်။

ပင်လယ်ထဲက လှိုင်းတွေရိုက်ခတ်သံက အတိုင်းသား။ ပင်လယ်ငှက်တွေရဲ့အော်မြည်သံဟာလည်း လှိုင်းရိုက်သံနဲ့အပြိုင်။ ညနေဆည်းဆာရဲ့ လိမ္မော်ရောင်နေလုံးက ပင်လယ်ထဲသို့ နစ်ဝင်ငုပ်လျှိုးဟန်ပြုနေတယ်။ ပုစွန်ဆီရောင်တောက်နေတဲ့ ညနေခင်းအောက်က မေဘယ်လ်ကမ်းခြေက အီတလီနိုင်ငံရဲ့ အလှတစ်ခု။

ငှက်တစ်ချို့ အိပ်တန်းတက်ဖို့ ပင်လယ်ကိုဖြတ်ကာ ပျံသန်းသွားတယ်။ ပတ်ဝန်းကျင်မှာ လူနည်းပါးစပြုလာချိန်မှာတော့ လက်မှာဝတ်ထားတဲ့ လက်ပတ်နာရီကို သူငုံ့ကြည့်လိုက်တယ်။

5:45 p.m

" အိမ်ပြန်ချိန်ပဲ "

ဆွဲလက်စ ပန်းချီကားကိုရပ်လို့ ပစ္စည်းကိရိယာတွေ သိမ်းဆည်းခြင်းအမှုကို သူအမြန်ပြုရတယ်။ ကမ်းခြေနဲ့ သူ့အိမ်က လမ်းလျှောက်သွားရင်တောင် ဆယ်မိနစ်ထက်ပိုမကြာဘူးဆိုပေမယ့် သူမြန်မြန်လုပ်ရမယ်။ 6နာရီထိုးလို့မှ အိမ်ပြန်မရောက်ရင် သူ့ကို ဆမ် စိတ်ပူနေလိမ့်မယ်။

ဆမ် စိတ်ပူနေမည်ဖြစ်ကြောင်းတွေးမိတော့ သူ့အစိမ်းရောင်မျက်ဝန်းတွေက မှေးကျဥ်းသွားပြီး နီဆွေးဆွေးနှုတ်ခမ်းပါးကလည်း နှစ်လိုဖွယ် ပြုံးရိပ်သမ်းသွားတယ်။ ပစ္စည်းတွေကို မြန်မြန်ထုတ်ပိုးပြီး ခြေတံရှည်တွေနဲ့ မပြေးရုံတစ်မယ်ထွက်ခွာလာခဲ့တော့ သူ့ရွှေရောင်ဆံပင်တွေက လေထဲမှာ စွန်တစ်ကောင်လို လွင့်ကျန်ရစ်တယ်။

အိမ်မရောက်ခင် လမ်းမှာ သစ်သီးဆိုင်တွေ့တာနဲ့ သူပန်းသီးခြောက်လုံးလောက် ဝယ်ခဲ့တယ်။ ဆမ်က အခုတလော ပန်းသီးစားချင်တယ်လို့ ခဏခဏညည်းညူနေတာကို သူကြားမိလို့ မှတ်ထားခြင်းဖြစ်တယ်။ သူဟာ ဘယ်နေရာရောက်ရောက် ဆမ့်ကို အမြဲသတိတရ။

Picture of DawnWhere stories live. Discover now