2

43 11 8
                                    

Unicode

" အက်ရှ်! မင်း ပုစွန်တွေကို ကယ်လိုက်ဦး "

" oh..shit "

ဆမ်နဲ့တွေ့ဆုံခဲ့တဲ့ အဲ့ဒီ့ဗုဒ္ဓဟူးနေ့ညနေခင်းအကြောင်းတွေးမိတော့ သူ့မှာ ပစ္စုပ္ပန်က ပုစွန်ကြော်တွေကိုပင် မေ့သွားရတယ်။ အိုးဖင်မှာ အသားနည်းနည်းကပ်သွားတာကလွဲ အဆင်ပြေနေပါသေးတယ်။

ဆမ်က ခွဲထားတဲ့ ပန်းသီးစိတ်ပန်းကန်လေးကို စားပွဲပေါ်ချပြီး ဦးဦးဖျားဖျားတစ်စိတ်နှိုက်စားတယ်။ ဆမ်က ဒီလိုပဲ။ ဒီလိုအကျင့်။ တစ်ခုခုဆို သူအရင်လုပ်ရမှကျေနပ်တဲ့လူမျိုး။ ပန်းသီးကို ဝါးနေရင်းနဲ့ သူ့ကိုလှမ်းမေးလာတယ်။

" ငါ ဆန်ပြုတ်မသောက်တော့လို့ရပြီလား "

ပုစွန်တိုက်ပွဲဝင်နေရတာမို့ လှည့်ကြည့်ဖို့မအားတာကြောင့် သူ ကျောပေးပြီးပဲပြန်​ဖြေလိုက်ရတယ်။

" မရသေးဘူး ဆမ်၊ ဒီနေ့တစ်ရက်တော့ သောက်လိုက်ဦး၊ မနက်ဖြန်ကျမှ အစာမာတွေပြန်စားဟုတ်ပြီလား "

" ဟွန့် "

ဆမ့်ရဲ့ အလိုမကျသံကို ကြားရတာကြောင့် သူနှုတ်ခမ်းကိုက်မိတယ်။ သူဟာ ဆမ့်ကိုတစ်နေ့ထက်တစ်နေ့ ပိုလို့ပင် အသည်းယားလာမိတယ်။

" မင်း ဆန်ပြုတ်မစားချင်ရင် ငါမင်းအတွက် မီနူးလေးလုပ်ပေးမယ် "

အနည်းငယ်ပုံပျက်နေတဲ့ ပုစွန်တွေကို ပန်းကန်ထဲထည့်ရင်းပြောပေမယ့် ဆမ့်ဆီက အဖြေမလာ။ ပန်းကန်ကို စားပွဲပေါ်တင်ရင်း ဆမ့်ကိုကြည့်ကာ ဘယ်လိုလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတော့ ဆမ်က စူးစမ်းသလိုကြည့်လာတယ်။

" ဘာမီနူးလဲ "

" ငါ့ကို မီနူးတစ်အုပ်လိုသဘောထားပြီး မင်းစားချင်တာရွေးချယ်ကြည့် "

" အင်း... "

ဆမ်က မေးစေ့ကိုပွတ်ပြီး စဥ်းစားဟန်ပြုတယ်။ ထိုအမူအရာကို သူ့မှာကြိတ်ပြီး အသည်းယားရတယ်။

" မီနူးထဲ ဘာတွေရလဲ "

" ဆန်ပြုတ် "

" ဟမ် "

"ဆန်ပြုတ်တစ်ခုပဲ၊ အခြားမရှိဘူး "

" အဲ့တာများ ငါ့ကိုဘာလို့လာရွေးခိုင်းနေလဲ "

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

Picture of DawnWhere stories live. Discover now