Unicode
သိပ္ပံနှင့်နည်းပညာဌာနချုပ်မှ နောက်ဆုံးပေါ် အဆင့်မြင့် အာကာသယာဉ် UFO-805အား တီထွင်ခဲ့ကြသည်။၎င်းအားစမ်းသပ်ရန် တာ၀န်မှာ team A ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတော့သည်။
ကံကောင်းသည်လား ကံဆိုးသည်လားမသိ အရာရာအဆင်ပြေနေခဲ့သောအာကာသယာဉ်မှာ ဦးတည်ချက်မဲ့နေသည့် စက္ကူလေယာဉ်ပျံကဲ့သို့ လမ်းကြောင်းချော်၍ အပြိုင်စကြ၀ဠာဆီသို့တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့လေခြင်း။
~ အပြိုင်စကြ၀ဠာ ~
"ဒုန်း!"
"အား!! သေတော့မှာပဲ
ဟျောင်း ကျွန်တော်တို့ဘယ်ကို ကျလာတာလဲ""ငါတို့ ကျွန်းတစ်ခုပေါ် ရောက်နေတာ"
"ကပ္ပတိန် wolf04ဗျ codeနံပါတ် eagle74မှအချက်အလက်တင်ပို့!"
"ကျွန်တော် တည်နေရာကိုလည်းရှာလို့မရဘူး ပြီးတော့ ဌာနချုပ်ကိုလည်း ဆက်သွယ်လို့မရတော့ဘူး"
"...."
သူတော်တော်ကံဆိုးနေပါပြီ။သို့သော် ဂယူဘင်းမသိသေးသည်က သူတို့ Shen Groupရဲ့ ပိုင်နက်ကျွန်းထဲမှာ ကျတာက ကံအဆိုးဆုံးဆိုတာပင်။
________________________
"မင်းတို့က?"
"ကျွန်တော်တို့က အခြားကမ္ဘာ.."
"ရှူး"
"...."
ထိုအချိန်မှစ၍သူတို့ကို ရှန်ချွမ်ရွေ့က နေစရာပေး စားစရာပေးပြီး လမ်းဘေးမှာတောင်းစားရတဲ့အဖြစ်မျိုးမရောက်အောင် ကူညီပေးခဲ့လေသည်။သို့သော် ရှန်ချွမ်ရွေ့ကို ရုပ်ရည်ချောမော၊သဓ္ဒါတရားထက်သန်၊ကူညီလိုစိတ်ရှိတဲ့အကြင်နာတရားပြည့်၀တဲ့သူလို့ထင်ရင်တော့ မှားသွားလိမ့်မယ်။
ရှန်ချွန်ရွေ့က ဒီကမ္ဘာနဲ့ မဟုတ်ဘူး တခြားကမ္ဘာတွေ အများကြီးထဲကလူတွေနဲ့ ယှဉ်ရင်တောင် သူ့လောက်အကြင်နာတရားခေါင်းပါးတဲ့သူ တစ်ခါမှမမြင်ဖူးဘူး။စိတ်ကလက်တစ်ဆစ် မာနကကြီးသေး ကောင်းကွက်ဆိုလို့ ရုပ်လေးချောတာ ငါတို့ကို ကူညီပေးတာနဲ့ ချမ်းသာတာလေးပဲရှိတယ်။ကောင်းကွက်ကိုမရှိဘူး။