"သူငယ်ချင်းလေးရေ"
"ရားး ကင်မ်ဂျွန်ဂယူမင်းငါ့ကို အဲ့လိုကြီးမခေါ်စမ်းနဲ့ ကြက်သီးထတယ် ကွ"
"ဟဲဟဲ ငါ့သူငယ်ချင်းလေးကိုပြောစရာရှိလို့"
"မင်းအဲ့လိုခေါ်လိုက်ထဲက အကူညီတောင်းတော့မယ်ဆိုတာသိတယ် ကြိုပြောမယ်မကူညီဘူး"
"ရားးး ဂျီဟွန်းကလဲငါ့မှာ အကူညီတောင်းစရာဆိုလို့ ဒီသူငယ်ချင်းလေးပဲရှိတာလေ မင်းကိုမှအကူညီမတောင်းရင်ဘယ်သူ့ကို အကူညီတောင်းရမှာလဲ အချစ်လေးရာ ကူညီပါနော်"
"နိုးပါ"
"လုပ်ပါ မင်းကူညီရင်ကွာ.. ဖိနပ်အသစ်ဝယ်ပေးမယ်လေ မင်းလိုချင်နေတဲ့ဟိုအမှန်ခြစ်လေးလေ"
ဂျီဟွန်းတစ်ယောက် တွေဝေသွားတယ် တကယ်လဲအဲ့ဖိနပ်သူအရမ်းလိုချင်နေတာ
"တကယ်လားး?"
"တကယ်ပေါ့ကွ မင်းကူညီလိုက်တာနဲ့ဖိနပ်ကိုဝယ်ပေးမှာ"
"ဒါဆို ကူညီမယ် ဒါပေမယ့်တကယ်ဝယ်ပေးနော် ပြီးမှမဝယ်ပေးရင်မင်းသေပြီ"
"ရားးး ငါ့ကိုများလူလိမ်ထင်နေလားဝယ်ပေးမှာပါနော်"
"ပြီးရော ဒါဆိုဘာကူညီရမလဲပြော"
"ငါညကျရင်Barသွားမလို့လေ အဲ့တာလေအိုမားကို ပြောဖို့လိုက်ခဲ့ပေး ပြီးတော့Barသွားမှာဆိုရင် အိုမားကမလွှတ်ဘူးလေ အဲ့တာ..."
"အင်းအဲ့တော့ ငါကလိမ်ပေးရမယ်ပေါ့"
"ဟဲဟဲ ဟုတ်တယ်"
"လိမ်ပေးမယ် လိမ်ပေးမယ် ဖိနပ်တော့တကယ်ဝယ်ပေးနော် ဒါနဲ့မင်းဘယ်သူတွေနဲ့သွားမှာလဲ?"
"Yoshiရယ်Hyunsukရယ်Jaehyukရယ်ငါရယ်၄ယောက်"
"အင်း ဟုတ်ပါပြီ လိမ်ပေးမယ် ဖိနပ်သာတကယ်ဝယ်ပေး မဝယ်ပေးလို့ကတော့ငါ့နဲ့တွေ့ပြီ"
"အခုလဲတွေ့နေရတာပဲကိုနောက်လဲတွေ့ရမှာပဲ"
"မတွေ့ချင်လဲတွေ့နေရတာလေ"
"ရားးးး မင်းလိုကောင်ကိုငါကလဲအရမ်းတွေ့ချင်တယ်များထင်နေလား"
"ငါကလဲ မင်းလိုအာကျယ်အာကျယ်နဲ့ကောင်ကိုတွေ့ကိုမတွေ့ချင်တာ"