ဒီနေ့ကချန်းယောင်းလစာထုတ်တဲ့နေ့လစာကအပြည့်ရသော်လည်းအကြွေးဆပ်ရန်ရှိသဖြင့်အကုန်မကျန်။
အီချန်းယောင်းတို့ပျားတုတ်ခံရပြီ။ လစာအပြည့်အဝမအပ်နိုင်ရင်ကိုကိုကစိတ်ဆိုးဦးမှာ။ အိမ်ထောင်သက်တမ်းသုံးနှစ်တာကာလအတွင်းလစာလည်းအပြည့်အဝအပ်ခဲ့ရသည်ချည်းသာ။ တစ်ခါကအပြည့်ပြန်မအပ်မိလို့အကြီးအကျယ်ပြဿနာတက်ခဲ့ဖူးသည်။ ထို့နောက်ကစပြီးလစာအပြည့်အဝသာအပ်ဖြစ်ခဲ့သည်သာ။
ဆွန်းဟန်ဆီကချေးထားတဲ့တစ်သိန်းကလစာထုတ်တဲ့နေ့ကျရင်ပြန်ဆပ်ရမည်ဖြစ်၍ဒီနေ့ဆပ်ရမည်။ ဟိုတစ်နေ့ကမန်ယူပွဲလောင်းလိုက်တာတစ်သိန်းပါသွားသည်။ လစာထုတ်ရင်ခုနှစ်သိန်းလုံးအပ်နေကျဆိုတော့ပြဿနာရှာခံရမှာအသေအချာ။ ညနေအရေးကြိုတင်၍စိတ်ပူဗျာများနေရပြီ။
" ကိုကို "
" ဘာလဲ "
ညစာစားပြီးမှပိုက်ဆံအပ်ရမည်။ ပိုက်ဆံတစ်သိန်းလိုနေကြောင်းသိရင်ထမင်းစားရင်းနဲ့လည်းဗျစ်တောက်ဗျစ်တောက်ပြောနေမှာရပ်တော့မှာမဟုတ်။ ထမင်းစားပြီးမှပြဿနာတက်ရင်တော်သေးသည်။ ပြဿနာတက်မည်ဆိုတာကျိန်းသေသိနေသောကြောင့်ပင်။
⋆˙⟡♡⟡⋆˙
" ကိုကို "
" တစ်ခုခုအပြစ်လုပ်ထားတာလား "
အီချန်းယောင်းတို့ဘာအချိုးချိုးရင်ဘယ်လိုဆိုတာပတ်ဝန်ဘင်းတို့ကနောကျေနေပြီ။
" ဒီနေ့လစာအပ်ရမယ့်နေ့နော် "
" မောင်ပြောပြမယ် ဟိုလေ လစာက "
" လစာကဘာဖြစ်လဲ "
ဝန်ဘင်းတီဗွီကြည့်နေရာကနေဘေးမှာကပ်ထိုင်နေတဲ့ချန်းယောင်းကိုလှည့်ကြည့်လိုက်သည်။ အီချန်းယောင်းတို့ဘာစကားစရင်ဘယ်လိုဖြစ်တော့မယ်ဆိုတာဝန်ဘင်းခန့်မှန်းလို့ရနေပြီ။
" ဒီလတော့ခြောက်သိန်းဘဲအပ်နိုင်မယ်ထင်တယ် "
ပတ်ဝန်ဘင်းမျက်နှာကချက်ချင်းမာသွားသည်။
" ခြောက်သိန်းပဲအပ်မှာကိုများထင်တယ်လုပ်နေသေးတယ် တစ်သိန်းကဘယ်ရောက်သွားလို့တုန်း "
