" အီချန်းယောင်း "
ဝန်ဘင်းရဲ့အော်သံစူးစူးကထွက်ပေါ်လာသည်။ သူမနေချင်တဲ့နယူးဂျာစီကချန်းယောင်းရဲ့မိဘတွေရဲ့အိမ်မှာလိုက်နေရမည်ဆိုသောကြောင့်ပင်။
ယောက္ခမနဲ့မတည့်သူကဝန်ဘင်း။ ချန်းယောင်းကနှစ်ယောက်ကြားမှာအမြဲဗျာများရသူ။ အနေအေးတဲ့ချန်းယောင်းကိုတော့ဝန်ဘင်းရဲ့မိဘတွေကလည်းချစ်ကြသည်။
" ငါမနေနိုင်ဘူးနော် "
" တစ်လနှစ်လလောက်ပါပဲကိုကိုရယ် "
" ငါမင်းအမေနဲ့မတည့်တာကိုမင်းလည်းသိတာပဲ "
" မေမေကကျန်းမာရေးမကောင်းလို့ခေါ်နေတာကိုမသွားလို့ဖြစ်မလားကိုကိုရဲ့ "
" တစ်လနှစ်လလုပ်မနေနဲ့ နှစ်လကြီးမနေနိုင်ဘူး တစ်လလောက်ဆိုတော်ပြီပေါ့ "
ပတ်ဝန်ဘင်းမှာယောက္ခမနဲ့မတည့်သော်လည်း ယောက္ခမအိမ်လိုက်နေဖို့ဖြစ်လာသည်။
မေမေကကိုကို့ကိုပိုချစ်တယ်ထင်။ ကိုကိုကလည်းအမေချစ်သားဆိုပြီးအမြဲပြောသည်။
အခုကအမေချစ်သားရယ်ဘာရယ်မဆိုင်ပါဘူး။ မိဘနေမကောင်းတာကိုဘယ်သားသမီးကဥပေက္ခာပြုနိုင်မှာလဲ။
လေယာဉ်ခရီးစဉ်တစ်လျှောက်မှာလည်းဝန်ဘင်းကချန်းယောင်းကိုစကားသိပ်မပြော။ ချန်းယောင်းကသာစိတ်မကြည်သူကိုလိုလေသေးမရှိအလိုလိုက်နေရသည်။
ဟိုရောက်တော့မေမေကပုံမှန်အတိုင်းရှိနေသည်ကိုမြင်တော့ကိုကိုရဲ့မျက်စောင်းကကျွန်တော့်ဆီရောက်လာသည်။
' ထင်သားဘဲချန်းယောင်းအမေဒီလိုလုပ်မယ်ဆိုတာ'
" မေမေပြောတော့နေမကောင်းဘူးဆို "
" မေမေကငါ့သားကိုလွမ်းလို့လွမ်းဖျား,ဖျားနေတာ အခုသားကိုမြင်လိုက်တော့ကောင်းသွားပြီ "
မေမေကလိမ်ပြီးခေါ်လိုက်မှန်းသူသဘောပေါက်လိုက်ပြီ။ ဘယ်သားသမီးကကိုယ့်အမေကိုအပြစ်မြင်မှာလဲ။
သူတို့နှစ်ယောက်ကအရင်တုန်းကချန်းယောင်းအခန်းမှာနေရသည်။