သူမကျောင်း၀န်းထဲ၀င်၀င်ချင်းပဲသူမအချစ်ဆုံးသူငယ်ချင်းေရွှရည်နဲ့တွေ့လေသည်။
“အူဝါးးး ဘေဘီရယ်နောက်ကျလိုက်တာဟာ ငါနင့်ကိုစောင့်နေတာတစ်နာရီတောင်ရှိပြီဟ”
“တော်စမ်းပါဟာ”
ရွှေရည်ကဒရာမာခင်းကာသူမရင်ခွင်ထဲခုန်၀င်လာသည်မလို့ခန္ဓာကိုယ်ကိုဘေးသို့နည်းနည်းရှောင်လိုက်ပြီးမျက်လုံးလိမ့်ကာပြောလိုက်မိသည်။
“ယောက်မလေး အတန်းခွဲထားတာသွားကြည့်ရအောင်”
ရွှေရည်ကသူမဘေးရှောင်လိုက်တာကိုစိတ်ထဲမထားပဲစပ်ဖြဲဖြဲဖြင့်ပြောလာသည်။‘ယောက်မလေး’ဟုခေါ်လိုက်သံကချွဲပစ်နေတာမလို့မကျေမနပ်ဖြင့်မျက်စောင်းထိုးလိုက်ကာ
“ဘယ်သူကနင့်ယောင်းမလဲ” ဟုခါးထောက်ပြီးပြောလိုက်သည်။
“ဟဲဟဲ ငါကစတာပါဟ”
ရွှေရည်ကသူမစိတ်ဆိုးမှာဆိုးတာမလို့လျှာလစ်တစ်ထုတ်ပြီးပြောင်လိုက်သည်။ထိုမှသာနှင်းမှုံမျက်နှာထားကနည်းနည်းလျော့သွားတော့သည်။
“ဒါပေမယ့်လေ နင့်အစ်ကိုကတကယ်ကြီးချောတာနော်... ငါပြောချင်တာကအရင်ကလည်းချောပေမယ့်လည်းမတွေ့ရတာကြာလို့ထင်တယ်ပိုပိုပြီးချောလာတယ် နင်ပြောဟာ နင့်အစ်ကိုရဲ့မကောင်းတဲ့သတင်းကြောင့်သာမိန်းကလေးတွေကပေါ်တင်မလိုက်ရဲတာ
စိတ်ထဲမှာတော့ကြိတ်ကြိုက်နေကြတာချည်းပဲ”သူမတို့အတန်းခွဲတာသွားကြည့်တဲ့လမ်းမှာေရွှရည်ကပေါက်ပေါက်ဖောက်သလိုသူမရဲ့အစ်ကိုကဘယ်လောက်ချောကြောင်းမိုက်ကြောင်းတွေမနားတမ်းပြောလာလေသည်။သူမကတော့ေရွှရည်ကိုမရှိသလိုသာသဘောထားလိုက်သည်။နဂိုကတည်းက
ကိုငယ့်ကိုမကျေနပ်စိတ်များမှာေရွှရည်ရဲ့သူမအစ်ကိုကိုမြှောက်ပင့်နေမှုများကြောင့်ပိုပိုသာတိုးလာရသည်။‘ဘယ်သူကသူ့ကိုအဲ့လောက်ဆိုးခိုင်းနေလို့လဲ’
ရည်ရည်(ရွှေရည်လို့ရေးရတာလက်ညောင်းလို့)ရဲ့ပေါက်ပေါက်ဖောက်သံများကိုလေလို့သာသဘောထားလိုက်သည်။အခုချိန်မှာသူမစိတ်အ၀င်စားဆုံးအရာကအတန်းခွဲတာပင်။သူမမှာငယ်ငယ်ကတည်းကေရွှရည်ဆိုသောသူငယ်ချင်းလေးတစ်ယောက်သာရှိလေရာအတန်းတိုင်းလည်းတစ်ခါမှမခွဲဖူးပေ။ရုတ်တရက်သာခွဲရမည်ဆိုသူမဘယ်လိုနေလို့နေရမှန်းပင်သိမှာမဟုတ်။
YOU ARE READING
မဆိုးပါနဲ့ကိုကိုတို့!
RomanceLegendary ညီအစ်ကို x ချစ်ဖို့ကောင်းပေမဲ့ဉာဏ်များတဲ့ညီမလေး