1.I know I'm selfish

1.1K 72 0
                                    

"ချစ်တယ် Shen Quan Rui!!!!!"

ချစ်တယ် ဆိုတဲ့ စကားကိုတစ်ခါမှ မ မြင် မတွေ့ဖူးတဲ့လူက ရုတ်တရပ်ကြီး လာပြောရင် ဘယ်လိုခံစားရ လည်း။
ကျွန်တော်ကတော့ ဘာမှ ကိုမခံစားလိုက်ရဘူး
ကျွန်တော် ဘာအဖြေမှ မပေးရသေးခင်မှာ ဘဲ သူက ပြေးထွက်သွားခဲ့ပြီလေ

ထိုသူကိုတော့ ကန်တင်းမှ သူများက ထူးဆန်းစွာ လိုက်ကြည့်နေကြသည်။ဟုတ်ပါတယ် ကျွန်တော့မှာ ကျွန်တော်သိပ်ချစ်ရတဲ့ ချစ်သူရှိနေပြီးသားပါ။

Uni တစ်ခုလုံးက သိတဲ့ အထိ နာမည်ကြီးတဲ့
ချစ်သူစုံတွဲ တွေ ထဲမှာ ကျွန်တော်တို့စုံတွဲလည်းပါတယ်လေ

နေနဲ့လ ရွှေနဲ့မြ လို လိုက်ဖက် လွန်းလို့ လူတိုင်းက သဘောကျ ကြ တဲ့အထိ

ယောက်ျားလေးအချင်းချင်းဖြစ်နေတာတောင် ကန့်ကွက်ပါတယ်ဆိုတဲ့အသံတွေ မကြားရလောက်တဲ့အထိ ကို
Shen Quan Rui ဆိုတဲ့ကျွန်တော်က တအားလှနေခဲ့တာလေ ဆိုတဲ့စကားကို မောင် က ကျွန်တော့ ကို အမြဲပြောခဲ့တာ

မောင်က ကျွန်တော့ ကို တအား သ၀န်တိုတတ်တာ ကြောင့် ဘယ်သူမှ ကျွန်တော့်အနား မကပ်ရဲကြဘူးလေ။

ကျောင်းမှာ နာမည်ကြီး
ထိပ်တန်းအဆင့်၀င်တဲ့ လူတော် ဆရာချစ်ကြတဲ့ ကျောင်းသားလေး ကျွန်တော့်ကို သူငယ်ချင်းလိုတစ်မျိုး နှိုက်မြည်းလို့ရရင်မြည်းချင်တယ်ဆိုပြီး စမ်းချင်တဲ့လူတွေက တစ်ဖုံ ရှိနေကြတာလေ

စာမရလို့လာမေးတဲ့ကျောင်းသူလေးတွေကိုကျွန်တော်က စာရှင်းပြပေးတဲ့အခါမျိုးတွေ
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေနဲ့ရယ်ရယ်မောမော စကားပြောမိတဲ့အခါမျိုးတွေဆိုရင် မောင်က ကျွန်တော့ နှုတ်ခမ်းတွေကို သွေးစို့သည်အထိနမ်း ကာ လည်းပင်းမှာလည်း သူ့အပိုင်ဆိုသည့် အမှတ်အသားများ ပေးပြီး အပြစ်ပေးပြီး သူစိမ်းတွေရှေ့မှာ အဲ့လောက်လှအောင်မနေပါနဲ့လို့ဆိုတတ်ပါသေးတယ်။

ကျွန်တော့်ကို သ၀န်သိပ်တိုတတ်တဲ့ မောင် က တကယ်တော့လူတိုင်းနဲ့ ရင်းရင်းနှီးနှီးသိပ်နေတတ်တဲ့ ကျောင်းရဲ့ နှင်းဆီခိုင်ကြီးပေါ့။
ထိုနှင်းဆီခိုင်ကြီးပေါ် လာနားချင်တဲ့ လိပ်ပြာလေးတွေကလည်း အများသားရယ်လေ။
ကျွန်တော်ဘက်က ထိုကဲ့သို့ တစ်ချို့သောမိန်းခလေးများနှင့်လိုသည်ထတ်ရင်းနှီး နေသောပုံစံကိုသဘောမကျကြောင်း သ၀န်တိုကြောင်းပြောရင်တော့ မောင် က ဘာဖြေရှင်းချက်မှာ မပေးဘဲ စိတ်ပျက်သလိုသာတစ်ချက်ကြည့်ပြီး စကားလမ်းကြောင်းလွဲသွားတတ်သည်လေ။

တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိသည်
သဘောကျလွန်း၍
"တစ်ဘ၀စာရည်ရွယ်ထားတာမို့ လက်ခံပေးပါ"
ဆိုပြီး မိဘတွေဆီအထိ လိုက်ပြောခဲ့သူက မောင် ရော်ဟုတ်ပါ‌သေးရဲ့လား
ဘာတွေကများ အခုလိုပြောင်းလဲသွား‌စေခဲ့တာလည်းဆိုတာကိုပေါ့။

ဟုတ်ပါရဲ့နော် တစ်‌ခါတစ်လေကြတော့လည်း
မောင် ဘာလို့အဲ့လောက် တစ်ကိုယ်ကောင်းဆန်နေရတာလည်း ဆိုပြီး အော်ဟစ်ထုရိုက်မေးပြစ်လိုက်ချင်ပါရဲ့။

Only Look At MeWhere stories live. Discover now