2.drunk

1.1K 75 16
                                    

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့် လတ်တလော ခေါ်ဆို၍ မရနိုင်သေးပါရှင်"

Quan Rui မောင့်ကို ဖုန်းဆက်နေတာ ခြောက်ကြိမ်ရှိပြီ ဖုန်း အော်ပရေတာ က အစ်မကြီးကလည်း အကြိမ်တိုင်းကိုဒီလိုဘဲ ပြန်ဖြေနေတယ်။ ည ၁၁ နာရီ ဆိုတာက မောင် ပြန်လာရမဲ့အချိန်ထက်အများကြီးနောက်ကျနေပြီလေ။နောက်ကျမဲ့အကြောင်းကို တစ်ခွန်းမှ မဟ ဘဲ အခုလိုQuan Rui ကို စိတ်ပူပန်ပြီး စောင့်နေစေချင်တာလား ‌မောင်က။ မျက်ရည်တွေလည်း ကျလို့ မျက်လုံးတွေလည်း ဖောင်းအစ်နေခဲ့ပြီ။

နောက်ဆုံးတစ်ကြိမ် အားတင်းပြီး ဖုန်းထပ်ခေါ်လိုက်တယ်။

"Hello..ဘယ်သူလည်းမသိဘူး
ကိုကို့ သူငယ်ချင်းလား ကိုကိုက အခု မူးနေလို့....

ဟမ် ဘေဘီ
ဘယ်သူဆက်တာလည်း

မသိဘူး ဘာမှလည်း မပြောဘူးရော် ကိုကို"

Quan Rui ဆက်တာ မောင့်ဆီကိုလေ
ဘာလို့မိန်းမ တစ်ယောက်က ကိုင်ရတာလည်း
ဖုန်းမှားနေတာများလားလို့တွေးနေတုန်းမှာဘဲ နောက်ဘ၀ရောက်တောင်မေ့နိုင်မှာ မဟုတ်တဲ့မောင့်အသံကိုကြားလိုက်ရတယ်။
ကမ္ဘာပျက်တယ်ဆိုတာ ဘယ်လိုလည်းမသိပေမဲ့ Quan Rui ရင်ထဲမှာဝောာ့ ဆောက်တည်ရာမရဘဲ သွေးစိမ်းရှင်ရှင်တွေထွက်နေသလိုပါဘဲ။

မျက်ရည်တွေ တသွင်သွင် စီးကျနေရင်း ပြောလိုက်မိတဲ့စကားက

" ‌မောင် အာ မဟုတ်သေးဘူး
Han Yu Jin ငါတို့ လမ်းခွဲရအောင်"

တီ တီ တီ တီ....

မောင့်ဘက်က ဖြေလာမယ့်စကားတွေကို မကြားချင်တော့သလို နောက်ထပ်လိမ်ညာပြောဆိုလာမဲ့ ဆင်ခြေ အတုတွေ ကိုလည်း Quan Rui နားက ခံနိုင်တော့မယ် မထင်ဘူး

မောင်နဲ့ လမ်းခွဲ လိုက်ပြီ‌ဆိုတော့ ကျွန်တော် တို့နှစ်ယောက်အတူတူနေတဲ့အိမ်မှာ ကျွန်တော်ဆက်မနေချင်တော့ဘူး ။ ကျွန်တော်က အရင်လမ်းခွဲတာဆိုတော့ ကျွန်တော်ဘဲ ထွက်သွားပေးရမှာပေါ့။ မောင့်ကိုတော့ မခက်ခဲစေချင်ပါဘူး။

"Shen Quan Rui !!!!!"

စိတ်ကိုဆုံးဖြတ်လို့ အ၀တ်အစားတွေ သိမ်းနေ‌တုန်း အခန်းထဲကို အလောတကြီး၀င် လာပြီး ဒေါသတကြီးနဲ့ ကျွန်တော့်ကိုခေါ်နေတဲ့မောင့်ကိုတွေ့လိုက်ရတယ်။

"မင်းဘာ သောက်ချိုး ချိုးတာလည်း
ဟမ်
မင်းပြောတော့ ငါ့ကို သောက်ရမ်းချစ်ပါတယ်ဆို
တစ်ခုခုဆို မဖြေရှင်းဘဲ လမ်းခွဲမယ် လမ်းခွဲမယ်နဲ့
ဒါ မင်းရဲ့ ပြဿနာ‌ဖြေရှင်းနည်းလား
သောက်မျက်ရည်တွေကျမနေဘဲ ငါမေးတာဖြေလေ ဖြေ‌လို့"

ကျွန်တော့ ပုခုံးနှစ်ဖက်ကို အားနဲ့သေချာစွာ ဆုပ်ကိုင် လှုပ်ရမ်း ပြီး အော်ဟစ် မေးမြန်း နေတဲ့ မောင်

"မောင့်ကို မချစ်ချင်တော့ဘူး
ချစ်ရတာ ပင်ပန်းနေပြီ
မောင့်ကို ငါတစ်ယောက်ထဲ ပိုင်ချင်ခဲ့တာ
သူများတွေနဲ့လုယူနေရတာမျိုးမဖြစ်ချင်ဘူး
မောင်လည်းငါ့ကို မချစ်တော့ဘူး မလား
လမ်းခွဲပေးပါတော့"

##ယနေ့ ဦးနှောက်ကုန်ပြီ
1.11.2023

Only Look At MeWhere stories live. Discover now