"ဒီတစ်ခါ တကယ်အပြတ်ပဲ"
"အိမ်ပေါ်က အပြီးဆင်းလာတာ"
"စချစ်တုန်းကတော့ အသည်းကျော် ပဲလှော်လေးဆိုပြီး အခုကျတော့ ပဲကြမ်းလို လက်ညိုးထိပ်လေးနဲ့ တောက်ချချင်နေပြီ"
"သိသာပါတယ်...ဒင်း ငါ့ကို မချစ်တော့ဘူးဆိုတာ သိသာပါတယ်"
"အဲ့ဒီတော့ အလိုက်သိတဲ့ ငါကပဲ ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်လာပေးရတော့ပေါ့"
ညကြီးအချိန်မတော် Mingyu ရဲ့ အိမ်ရှေ့ကို အထုတ်ကြီးအထုတ်ငယ်နဲ့ ရောက်ချလာတဲ့ Kown Soonyoung...။ အခုလည်း တစ်ယောက်ထဲ ဇာတ်လမ်းတွေဆင်ပြီး ဆူညံပွက်လောရိုက်နေတာ။
အိမ်က ဆင်းလာတယ်ဆိုလည်း ကိုယ့်နေရာကိုယ်ပြန်လေဟု မောင်းထုတ်လိုက်ချင်ပေမဲ့ သူ ပိုက်ဆံပြတ်တုန်းက ကူညီပေးထားဖူးတဲ့ ကျေးဇူးကြောင့် ဒီအတွဲကြောင့် ကြိတ်မှိတ်သည်းခံနေရတဲ့ Kim Mingyu ရယ်ပါလေ။
"Wonwoo Hyung က Hyungကို ချစ်ပါတယ်ဟ"
Kwon Soonyoung တစ်ဖက်သတ် ဒရာမာတွေခင်းပြီး သူ့အိမ်ရောက်လာတိုင်း ပြောနေကျ စကားကို ဝတ်ကျေတမ်းကျေ ပြောပေးလိုက်သည်။
"ဘာချစ်တာလဲ .... ဘာချစ်တာလဲ.... ပြပါဦး အဲ့ဒီ ချစ်တာကြီး! တအား မြင်ဖူးချင်လို့"
Kwon Soonyoung ဟာ အမြဲအဲ့လို။ ဝူးဝါးဘူးထွားနဲ့ သွေးပူနေတုန်းဆို ဘာမှပြောမရ။ ပြီးရင်တော့ သူမဟုတ်သလို မျက်ရည်လေး တစမ်းစမ်းနဲ့ ဖြစ်လာပြန်ဦးမှာ။ မင်းတို့ မယုံရင် ကြည့်ထားကြ!
ဧည့်ခန်းဆိုဖာမှာ ရင်ကွဲပက်လက်ဖြစ်နေတဲ့ Kwon Soonyoung ကို ထားခဲ့ပြီး မီးဖိုခန်းကို ထွက်လာခဲ့လိုက်သည်။
ပြီးတော့ ဘဝပေးတာဝန်အရ ဆိုင်ရာပိုင်ရာကို သတင်းပို့ရသေး၏။
"Hyung... Hyung ရဲ့ အသေးလေး အိမ်ရောက်နေတယ်"
"သောင်းကျန်းနေသေးလား....။ ကြည့်ထားပေးဦး။ ထိခိုက်ကုန်မှာ စိုးလို့။ အော်လို့ ဝသွားရင်လည်း အဆာပြေလေး လုပ်ပေးပါဦး။ အိမ်ကသာ ဆင်းသွားတာ ဘာမှစားသွားတာ မဟုတ်ဘူး"
Message ပို့နေတာ မဟုတ်ဘဲ အပြင်မှာသာဆို Mingyu ၏ စိတ်ကုန်ဖွယ် မျက်ဖြူလှန်ပြခြင်းအား Wonwoo တွေ့ရမည်ဖြစ်သည်။
YOU ARE READING
Wonwoo သိလား...Wonwoo မသိပါဘူး ><
FanfictionGamer Jeon Wonwoo x Dramatic Bf Kwon Soonyoung [Completed✔️]