ဂျောင်ဂုနဲ့နမ်ဂျွန်း CEOကင်ဆီကပြန်လာပြီး ကုမ္ပဏီကိုပြန်လာကာ...ယွန်းဂီကိုခေါ်ပြီးဒီဇိုင်းကုမ္ပဏီကို သွားရပြန်သည်...
ဒီဇိုင်းကုမ္ပဏီကိုရောက်တော့ အထဲက အလုပ်သမားတစ်ဦးရောက်လာပြီး ကားတံခါးလာဖွင့်ပေးသည်...ကားပေါ်ကဆင်းပြီးသိပ်မကြာလိုက်..အလုပ်သမားခေါင်းဆောင်ပုံစံနဲ့လူတစ်ယောက်ထွက်လာလေသည်...
"CEO ရောက်လာပြီလား အထဲကိုကြွပါ"
နှစ်ယောက်လုံးအထဲသို့၀င်သွားပြီး အလုပ်သမားခေါင်းဆောင်ရုံးခန်းထဲက ခုံမှာထိုင်ကြသည်...
"ဟိုဆော့..မင်းငါပြောတဲ့ ဒီဇိုင်းတွေ သေချာလုပ်ပြီးပြီလား"
"လုပ်ပြီးပါပြီ CEO ဒီမှာပါဗျ"
ဂျောင်ဂု အလုပ်သမားခေါင်းဆောင်လက်ထဲက ဖိုင်ကိုယူလိုက်ပြီး ဒိီဇိုင်းတွေကို ကြည့်နေလေသည်...
"အင်း ဒီနေရာလေးကို အရောင်နည်းနည်းထပ်ထည့်လိုက် ဒါမှလူမြင်သာပြီး စိတ်၀င်စားကြမှာ"
"ဟုတ်ကဲ့ CEO"
အလုပ်သမားခေါင်းဆောင် ဂျန်းဟိုဆော့က ဂျောင်ဂုကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေသူပါ...အိမ်ဒီဇိုင်းဆွဲပြီး ပုံဖော်ပေးရသူပါ...ဂျောင်ဂုနဲ့လက်တွဲလာတာကြာပြီဆိုတော့ ဂျောင်ဂုဘာလိုချင်လဲဆိုတာ တန်းသိတတ်သည်...
"ဒီအရောင်လေးဆိုရင် ဘယ်လိုလဲ CEO"
"အင်း အရောင်က ထင်းတယ်..ပြီးတော့..စိုပြေတ
ယ် မင်းတော််တယ် ဟိုဆော့"ချီးကျူးလိုက်တော့ဟိုဆောကြ ပြုံးသွားလေသည်...သူတို့အတော်ကြာ စကားပြောကြကြီး အချိန်ကလည်း ၁နာရီခွဲပြီမို့ ပြန်လာလိုက်ကြသည်..
ကုမ္ပဏီသိူ့ပြန်ရောက်ပြီး အစည်းအဝေးလုပ်ရန်ပြင်ရပြန်သည်...ခနကြာတော့ ရှယ်ယာ၀င်များရောက်လာကြပြီး ဥက္ကဠကြီးလည်းရောက်လာလေသည်...အကြောင်းရင်းကား..
"မင်္ဂလာပါ ဥက္ကဠကြီး.."
အကုန်လုံးက ဦးညွှတ်ကာ နှုတ်ဆက်ကြသည်..ဂျောင်ဂုက နောက်ကျမှ၀င်လာပြီး ဥက္ကဠကြီးကိုဦးညွှတ်ကာ နေရာတွင်ထိုင်လိုက်သည်..
YOU ARE READING
Together<3
Romancejungkook--တစ်ချို့အရာတွေက အနံ့တွေ အရောင်အဆင်းတွေနဲ့ ဆွဲဆောင်နေပေမယ့် ကိုယ့်လက်နဲ့ မခူးရက်တဲ့ ပန်းလေး တစ်ပွင့်နဲ့တူတယ် မင်းက အဲ့ပန်းလေးပဲ ထယ်••🌼 Taehyung__မင်းက ငါ့ပါးပြင်ပေါ်ကဖြတ်တိုက်သွားတဲ့ လေပြည်လေးပဲ ...မင်းကိုမပိုင်ဆိုင်ရလည်း လွမ်းခွင့်တော့ရှိ...