Kylo' owner
အလင်းရောင်မှိန်ဖြဖြအခန်းငယ်လေးထဲက ငြိမ်သက်တဲ့လေထုနဲ့အတူ အေးစက်နေတဲ့အိပ်ယာပေါ်လှဲချလိုက်တဲ့မင်းဆက်ဟေသာ။
သခင်ရဲ့ vanillaလိုကိုယ်နံ့ကြောင့် အိပ်နေရာမှနိုးထလာတဲ့ အဖြူရောင်ပါရှန်းကြောင်လေးkikiဟာ မင်းဆက်ရဲ့ရင်ဘတ်ပေါ်ဖွဖွလေးတက်လာကာနေရာယူလိုက်လေ၏။"ဟင် သားလေး ဗိုက်ဆာနေပြီလား"
"Meow...."
"Sry ကွာ ဖေဖေမေ့သွားတာအစာထည့်ပေးဖို့ကို..လာ..လာ ဖေဖေထည့်ပေးထားမယ်နော် သား..လာစား"
ပြောရင်းနဲ့ပင်မင်းဆက်တစ်ယောက် kikiကိုချီပြီးအစာခွက်နားသွားပြီးအစာထည့်ပေးရင်းပါးစပ်ကတစ်ဖွဖွဝါးစားဖို့မှာနေလေရဲ့။
ပြီးတာနဲ့တစ်ပြိုင်နက်ရေချိုးဖို့အခန်းထဲ၀င်သွားလေသည်။ရေချိုးခန်းထဲကမှန်ပေါ်ကနေ နဖူးပေါ်ကသွေးစတွေကိုမြင်မှ စောနကဟိုလူနဲ့တိုက်မိတဲ့အကြောင်းကိုတွေးမိရင်း မှောင်နေတော့မျက်နှာတောင်သေချာမမြင်လိုက်ရချေ။မင်းဆက်တစ်ယောက်ထားလိုက်ပါတော့ဆိုပြီးရေရွတ်ရင်းမနက်အလုပ်တက်ဖို့အတွက်တွေးတောနေမိသည်။
တစ်ဖက်တွင်လဲ kyloတစ်ယောက်လက်ထပ်ဖို့ကိစ္စနဲ့တင်ခေါင်းကြီးနေလေ၏။ထို့ကြောင့်club ကိုမပြန်ပဲကျော်စွာကိုဖုန်းဆက်ပြီး ကွန်ဒိုကိုပြန်လာပြီးတူတူစဉ်းစားခိုင်းလေရဲ့။
" ဟျောင့်...မင်းပဲစဉ်းစားကြည့်ကွာ အမေကဘာလို့ငါ့ကိုလက်ထပ်ဖို့ကြိုစီစဉ်ထားတာလဲ ဟိုကအထီးလားအမလားတောင်မသိသေးဘူး"
"ဟမ်...မင်းမမြင်ဖူးသေးဘူးလား"
"ဟ ဘယ်လိုမြင်ဖူးမှာလဲ စောနကငါ့အဒေါ်ဖုန်းဆက်ပြောမှသိတာကို"
"မင်းအမေက မင်းအကျင့်ကိုကြိုသိလို့နေမှာပေါ့ ရုပ်ကချောသလောက် လူဂွ့စာဆိုတော့ လူပျိုသိုးကြီးအဖြစ်မခံချင်တာနေမှာပါ"
ကျော်စွာကရွဲ့သလိုနောက်သလိုနဲ့ပြောတော့ kyloတစ်ယောက်မျက်ထောင့်နဲ့ကြည့်ကာ သေချင်နေတာလားဆိုပြီးမေးတဲ့အကြည့်နဲ့ကြည့်လိုက်၏။
YOU ARE READING
Kylo' owner
RomanceBL မလို့မကြိုက်ရင်ကျော်သွားပါ အသုံးနှုန်းရိုင်းတာတွေပါနိုင်တာကြောင့်ပါ မကြိုက်ရင်ကျော်သွားနိုင်ပါတယ်နော်