Ep..[2]

541 70 8
                                    

[Unicode]

" ဟိုဝိုင်းကို ဒါတွေသွားချလိုက်အုံးကောင်လေး.."

ဖျော်ရည်နဲ့မုန့်များတင်ထားသော ဗန်းလေးကိုယူကာ မှာထားရာဝိုင်းသို ခပ်မြန်မြန်လေးသွားပို့ရင်း စားပြီးသားဝိုင်းမှပန်းကန်များကိုသိမ်းနေလိုက်သည်...။
ဒါဟာသူ့ရဲ့အချိန်ပိုင်းအလုပ်တွေထဲကတစ်ခုပဲဖြစ်ပြီး...နေ့လည်ပိုင်းတွင်ဆင်းရသည်...။

မနက်ထဲကအလုပ်တွေတစ်ခုပြီးတစ်ခုလုပ် ပြောလိုက်လွှားလိုက်လုပ်နေရသော ခန္တာကိုယ်ဟာ ပင်ပန်းနေပြီဖြစ်သော်ငြား...နားလို့တော့မရပါ...။

" နားနားနေနေလုပ်ပါဟ မင်းကလဲ...ငါတို့လဲရှိပါသေးတယ် "

အလုပ်ထဲကအဖော်တွေတောင် ထိုသို့ပြောရတဲ့အထိ ရိပေါ်ဟာအလုပ်ကြိုးစားလွန်းသည်...။
တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်နေကာ အချောင်ခိုဖို့ဆိုဝေးစွ...။

" နေ့လည်စာစားချိန်ရောက်ပြီနော် ရိပေါ်... "

" လာပြီ ဖန်ရှင်း "

ထမင်းစားနားချိန်ရောက်တာနဲ့ သူ့တာဝန်ချိန်ဟာ ပြီးဆုံးပြီဖြစ်သည်...။
သို့သော် ထမင်းစားပြီးတာနဲ့ တခြားအလုပ်သို့ကူးရအုံးမည်...။

" မင်းကြည့်ရတာပန်းလိုက်တာကွာ... "

" မတက်နိုင်ဘူးလေ အလုပ်လုပ်ပါတယ်ဆို... "

" ဒါပြီးရင်ရော ဘယ်ကိုသွားရအုံးမှာလဲ... "

" cofferဆိုင်လေ...ပြီးရင်တော့ စတိုးဆိုင်ပေါ့... "

" တစ်နေရာနဲ့တစ်နေရာကူးရတာလွယ်တော့လွယ်မနေဘူးနော်... "

" အမှန်ပဲ ရတဲ့အလုပ်လိုက်လုပ်ရင်းကနေ တစ်နေရာစီဖြစ်သွားတော့တာ... "

ထမင်းစားနေရင်း သူ​ပြောသမျှကိုဖန်ရှင်းဟာ နားထောင်ပေးသည်...။
နေရာကွာဝေးလွန်းတဲ့အလုပ်တွေကြောင့်  သူ့အစားပင်ညည်းညူပြနေသေး...။

" မင်းနေ့ပိုင်းအေးအေးဆေးဆေးဖြစ်သွားအောင် ငါလုပ်နေတဲ့barမှာဝင်လုပ်ပါ့လား...ငါတောင် အခုအလုပ်ပြီးရင်အဲ့ကိုသွားမှာ.. "

" barကဘယ်လိုဖြစ်ပြီးနေခင်းဘက်ကြီးလဲ... "

" အာ...နေ့လည်၁နာရီထဲကစဖွင့်တာကွ အလင်းပေါက်ပဲ ငါကတော့ည ၁၁ထိလုပ်တယ် တကယ်လို့မင်းလုပ်ချင်ရင် ငါပြောပေးလို့ရတယ်..."

Bittersweet Love Where stories live. Discover now