Unicode
ရှရှင်းနျန်ဟာ စာအုပ်တစ်ခုထဲကို ကူးပြောင်းသွားခဲ့သည်။
သူ့ခန္ဓာကိုယ်မူရင်းပိုင်ရှင်က ဇာတ်ကောင် shou နဲ့အမြဲလိုက်ပြိုင်နေတတ်သည့် အလွန်ရွံစရာကောင်းလှတဲ့ အမြောင်စာဇာတ်ကောင်တစ်ခုသာဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း မူရင်းပိုင်ရှင်က ကားတိုက်မှုနဲ့ သေသွားပြီး အဆုံးသတ်ခဲ့ရလေသည်။
အခြား ဝတ္ထုထဲကူးပြောင်းသွားသူတွေက သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲချင်ကြပေမယ့် သခင်ငယ်လေးရှ သူကတော့ မတူပေ။ သူက မူရင်းဇာတ်ကြောင်းအတိုင်းသာလိုက်ပြီး သူ့ရဲ့နဂိုနေရာဆီသာ ပြန်သွားချင်သည်။
ရှရှင်းနျန်က ရန်စီ့(မူရင်း shou)ကို ဇာတ်လိုက် gong ဒေါသထွက်သွားအောင် အမျိုးမျိုးကြိုးစားခဲ့တယ်။ မူရင်းထဲကအတိုင်း သူဇာတ်လိုက်ရဲ့ အရိုက်ခံရမည်ဟု တွေးနေခဲ့တာ။ ဒါပေမယ့် သူ့အတွေးနဲ့ကွဲလွဲစွာပင် ရန်စီက သူ့လက်ကောက်ဝတ်ကို ဆုတ်ကိုင်လိုက်ပြီး ကြိုးအရှည်ကြီးပါတဲ့ ရွှေရောင်ချိန်ကြိုးနဲ့ ချုပ်နှောင်လိုက်တော့သည်။ သူ့(ရန်စီ)မျက်ဝန်းတွေက အေးစက်မှုတွေနဲ့ မပြောင်းမလဲရှိနေခဲ့သည်။
"မင်းက အမြဲ အဲ့ဒီချူမျိုးရိုးအကြောင်း သိပ်ပြောတာပဲ သူ့ကိုအဲ့လောက်တောင်ကြိုက်ရလား?"
မေးပြီးပြီးချင်း သူ(ရန်စီ)ကခေါင်းစဉ်ကိုရုတ်တရက်ပြောင်းလိုက်ကာ သူ့(ရှရှင်းနျန်)ကိုမေးလာသည်။
"နျန်နျန် မင်းဘယ်အရောင်လက်ပတ်ကြိုက်လဲ? ရွှေရောင်လား..ငွေရောင်လား ဒါမှမဟုတ်..အနက်ရောင်လေးများလား?"ရှရှင်းနျန်: "???"
...ဇာတ်လိုက်က အဆင်ရောပြေရဲ့လား?
နောက်မှ သူရှာတွေ့လိုက်သည်က ရန်စီ့မှာ ပြင်းထန်တဲ့ *အသန့်လွန်စွဲလမ်းမှုရောဂါရှိနေခဲ့တာအပြင် **အရေပြားဆာလောင်မှုရောဂါပြင်းတစ်ခုလည်း ရှိနေခဲ့တာပင်။ သူက အတိုက်ခိုက်ခံရတိုင်း သည်းမခံနိုင်လောက်တဲ့ နာကျင်မှုကို ခံစားရလိမ့်မည်။ ဒါပေမယ့် ရန်စီက ဇာတ်လိုက်ကို အကူအညီတောင်းခံဖို့ ဘယ်တော့မှ သွားမရှာခဲ့ချေ။
YOU ARE READING
The Paranoid Protagonist can't Get enough of Me [MM translation]
General Fictionနာခံပုံပေါ်သော shou × နူးညံ့ပုံပေါ်သော အစွဲအလမ်းကြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ gong #The story isn't mine! It belongs to the original author and I would like to give full credit to him/her. #I don't have permission to translate. So, if there's an...