ရန်ကုန်မြို့ရဲ့ညတစ်ညမှာမောင်တစ်ယောက်ဆေးရုံကြီးအတွင်း၌လူနာများနှင်အပြေးအလွှားအလုပ်လုပ်နေသည်။
မောင်ကnurseတစ်ယောက်အား
'ဒီညမှလူနာတွေတအားကျပါလား'
'ဟုတ်တယ်Dr.ဆူးလေနားကမီးပွိုင့်မှာကားတွေဆင့်တိုက်လို့တဲ့'
'Ok ခွဲခန်းဝင်ဖို့အသင့်ပြင် ဒီမိန်းကလေးက တော်တော်ထိထားတာပဲ'ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့partyကအပြန်သိပ်နောက်မကျသေးချိန်ကျွန်မကားကိုအနောက်ကဝင်တိုက်ခြင်းကိုခံလိုက်ရတယ်။ဒီချိန်မှာကျွန်မဟာထာဝရပျောက်ဆုံးသွားသလိုခံစရာလိုက်ရတယ်။ကျွန်မမျက်လုံးထဲမှာဘာကိုမှထင်ထင်ရှားရှားပီပီပြင်ပြင်မမြင်နိုင်တော့။အရာအားလုံးဟာဝိုးတဝါးသာ။ထိုအချိန်မှာကျွန်မကိုဆေးရုံကားပေါ်တင်ကြပြီးဆေးရုံပို့ကြပါတော့တယ်။ဆေးရုံသွားတဲ့လမ်းတစ်လျှောက်လုံးသတိကြီးကြီးထားခဲ့ပြီးဆေးရုံအရောက်မှာဘယ်သူတွေမှန်းမသိတဲ့သူတွေကခေါ်ဆောင်သွားကြတယ်။
ရုတ်တရက် ....ထိုအချိန်မှာပင်အရာအားလုံးဟာအမှောင်အတိ..အိမ်မက်ထဲကကျွန်မရဲ့ချစ်ရသူကိုသာတမိသည်...ကံကြမ္မာဆိုတာဟာလည်းဆန်းကြယ်ပါဘိ...အခုကျွန်မရဲ့အိမ်မက်သံသရာထဲမှာဆက်လက်စီးမြောရင်း သူ့ကိုသာရှာဖွေနေမိသည်။duty coatကလေးနှင့်ကျွန်မကလေးဘယ်များရောက်နှင့်နေပါလိမ့်...'မောင် ကလေး ပြန်လာတာနောက်ကျလှချေလား လူနာများလို့လားကလေး'
'ဟုတ်တယ် မာမီရယ် အရေးပေါ်လူနာရောက်လာလို့ ချက်ချင်းခွဲခန်းဝင်လိုက်ရတယ် လူကလည်းပင်ပန်းပြီးနုံးနေတာပဲ မာမီမွှေးမွှေးပေးပါအုံး မောင်အမောပြေအောင်'
'သြော် ဒီကလေးနှယ့် ပေတိပေစုတ်နဲ့ သွားရေသွားချိုးချီ..ချစ်သူတွေဘာတွေရမှ မာမီမောင့်ကိုအားဘွားမပေးနဲ့ မောင့်ချစ်သူပေးဖို့ချန်အုံးမလုပ်နဲ့'
'အို မာမီကလည်း မဟုတ်တန်းတရားတွေ မောင်ကမာမီ့နဲ့ဒယ်ဒီတို့ကိုတောင်ချစ်လို့မဝသေးတာကို'
'ဒါနဲ့ဒယ်ဒီ ခရီးကဘယ်တော့ပြန်လာမှာလဲဟင် မနေ့ကဆက်တော့ဒီအပတ်မပြန်လာဖြစ်ဘူးတဲ့'
'ဟုတ်တယ် မောင့်ဒယ်ဒီတို့အလုပ်မှာပြဿနာနည်း''ရှိနေလို့တဲ့... ချမ်းမြေ့မောင် ရေမိုးချိုးပြီးနားတော့ မာမီ့ကလေးပင်ပန်နေပြီမို့လား'
'ဟုတ်ကဲ့ပါမာမီ...ချစ်တယ်အာဘွား😗'
