ယနေ့သောကြာနေ့ဖြစ်သောကြောင့်
ကျောင်းမဆင်းခင် နောက်ဆုံးစာသင်ချိန်မှာ
စာမသင်ရပဲ အားကစားလုပ်ရမည့် အချိန်ဖြစ်သည်။
ကျား/မ မရွေး မိမိ ကြိုက်နှစ်သက်ရာ
အားကစားကို သက်ဆိုင်ရာ
ကျောင်းအားကစားခန်းမနှင့် ဘောလုံးကွင်း၊
Volleyball , Basketball ကွင်းများတွင်
ဆိုင်ရာအသင်းအဖွဲ့နှင့် အတူတူ ကစားကြရသည်။
ည ကိုးနာရီ၊ ကျောင်းတံခါးမပိတ်ခင်အချိန်ထိ
အားကစားရုံနှင့် ကွင်းများကို အသုံးပြုခွင့်
ပေးထားသည်ကြောင့် ညနေကျောင်းဆင်းလည်း
မပြန်ပဲ ဆော့ကစားနိုင်သည်။"Yay!!!! Haru!! Haru !!"
ဘတ်စကတ်ဘောကစားရာ နေရာတွင်
ပွဲထိုင်ကြည့်သူများမှာ Haru နာမည်ကို
အော်ဟစ် အားပေးနေကြသည်။
လက်ရှိတွင် Haruတို့အသင်းသည်
တစ်ဖက်အသင်းထက် အမှတ်များနေပြီး
အမှတ်အများဆုံးရယူပေးထားသူမှာ
Haru ဖြစ်သည်။ ပွဲထိုင်ကြည့်သူထဲတွင်
အငယ်တန်းမှ ကောင်မလေးများ အများအပြား
ပါဝင်ပြီး ယောက်ျားလေး အချို့လည်းရှိသည်။
အချို့မှာ ဘတ်စကတ်ဘောအသင်းဝင်
အရံလူများဖြစ်ပြီး အချို့ကတော့
ဘတ်စကတ်ဘော စိတ်ဝင်စားသည့် အငယ်တန်းမှ
ကောင်လေးများဖြစ်သည်။ထိုလူများထဲတွင် Yoshiလည်းပါသည်။
Yoshi ကျောင်း၏ Cheerleader Teamတွင်
ပါဝင်သူဖြစ်ပြီး ကျောင်းအားကစားပြိုင်ပွဲများ
ကျင်းပလျှင် အဖွဲ့နှင့်အတူ အကအလှတို့ဖြင့်
အားပေးဖျော်ဖြေရသည်။
ကောင်လေး၊ ကောင်မလေးများကြား
ရေပန်းစားသူဖြစ်သဖြင့် Yoshi ကပြဖျော်ဖြေလျှင်
အားကစားပွဲသည် ပွဲကြည့်သူများနှင့်
စည်ကားနေတတ်သည်။
ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပရန်
သုံးလခန့်လိုသေးသည်ကြောင့် Yoshiတို့အဖွဲ့က
အကတိုက်စရာမလိုသေး၍ အနားရနေခြင်းဖြစ်သည်။"ရွှီး!!!!"
ဒိုင်လူကြီး၏ ဝီစီမှုတ်သံအဆုံးတွင်
"အတန်း A-12 အသင်းက အနိုင်ရသွားပါပြီ!"
"Yayyyyy!!!! Haru အတော်ဆုံးပဲကွ"
Haruတို့အသင်းနိုင်သွားကြောင်း
ဒိုင်လူကြီးကြေညာလိုက်သည်နှင့်
လက်ခုပ်ဩဘာသံများနှင့်အတူ
အော်ဟစ်အားပေးသံများသည် ဆူညံသွားတော့သည်။