𝖴𝗇𝗂
“ နှစ်မိနစ်နောက်ကျတယ် ”ဘားကောင်တာမှထိုင်နေတဲ့ေဆာင်းဟွန်းက ဆောနူဝင်လာတဲ့နဲ့ နာရီကိုစိုက်ကြည့်ပြီး လက်နှစ်ချောင်းထောင်လို့ပြသည်။
ချိန်းဆိုထားတဲ့အချိန် ဆယ့်တစ်နာရီမှာမှာ မိနစ်ပိုင်းလေးစွန်းသွားတာကို အမြဲစာဖွဲ့တတ်တဲ့ ထူးဆန်အယ်ဖာဖို့ ထွေထွေထူးထူးဘာမှပြောမနေတော့ပင်။“ ဒီနေ့ရော ရှန်ပိန်ပဲလား ဝီလီယမ် ”
“ of course! ”
အဖျော်အဆက်သမားကမ်းပေးလာတဲ့ ရှန်ပိန်တစ်ခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်တဲ့အချိန် ဘေးမှာရပ်နေကြတဲ့ မိန်းမပျိုတွေဆီက လက်ခုပ်သံခပ်ဆူးဆူးတွေက ဆောနူနားထဲကို တန်းခနဲ။
ရှန်ပိန်တစ်ခွက်သောက်တာက ဘာတွေထူဆန်းနေလို့လဲ?။
ဆောနူကဒီလိုနေရာမျိုးကိုသိပ်က်ြိုက်တာ။
အရမ်းကြိုက်လွန်းလို့တောင် ကိုယ်ပိုင်ဘားထောင်ထားပြီး တောင်ကိုရီးယားတစ်မြေလုံးမှာရှိတဲ့ဘားတွေကို တစ်ညတစ်လှည့်ဆီပတ်ကာ ဇိမ်ခံနေတတ်သည်။သွေးသန့်အိုမီဂါတွေရှိတဲ့အရပ်ဆို ဆောနူကပိုလို့တောင်နေပျော်သေးသည်။
ဒါကြောင့်လည်း ဝီလီယမ်ဂင်မ်ခြေချတဲ့ ဘားတွေဆို အိုမီဂါ၊ဘီတာကအစ မျိုးတူအယ်ဖာတွေအထိ နာမည်ကြီးနေတတ်တာမျိုး။“ hey ဝီလီယမ်..
ယူ့ကို ကိုယ့်ရဲ့ဘားမှာတွေ့ရတာ ဂုဏ်ယူစရာပဲနော် ”ပျားရည်လိုမျိုးချိုတဲ့အသံပိုင်ရှင်က ဆောနူရဲ့ပခုံးထက်ကိုလက်တင်ရင်း သဘောကျဟန်ပြောသည်။
ဒါဟာ လှည့်မကြည့်ရင်တောင် ဆောနူအခုရောက်နေတဲ့ devils ဘားရဲ့ပိုင်ရှင် မိုနီကာ ပဲဆိုတာ တန်းတန်းသိ၏။ဆောနူမျက်နှာထက် အပြုံးတစ်ခုဆင်ရင်း မိုနီကာ့ဘက်လှည့်ကာ လက်သွယ်သွယ်တို့ကိုအနမ်းတစ်ချက်ပေးလိုက်သည်။
စိမ်းရင့်ရင့်အရောင်တွေပဲ ပါသော ရင်ဟိုက်ပြီးအလွန်တိုတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ မိုနီကာက ဆောနူမျက်လုံးထဲမှာ အရမ်းလှတဲ့မိန်းကလေးနေရာမှာပါသည်။