🍷

1.6K 107 25
                                    

𝖴𝗇𝗂


“ နှစ်မိနစ်နောက်ကျတယ် ”

ဘားကောင်တာမှထိုင်နေတဲ့‌ေဆာင်းဟွန်းက ဆောနူဝင်လာတဲ့နဲ့ နာရီကိုစိုက်ကြည့်ပြီး လက်‌နှစ်ချောင်းထောင်လို့ပြသည်။
ချိန်းဆိုထားတဲ့အချိန် ဆယ့်တစ်နာရီမှာမှာ မိနစ်ပိုင်းလေးစွန်းသွားတာကို အမြဲစာဖွဲ့တတ်တဲ့ ထူးဆန်အယ်ဖာဖို့ ထွေထွေထူးထူးဘာမှပြောမနေတော့ပင်။

“ ဒီနေ့ရော ရှန်ပိန်ပဲလား ဝီလီယမ် ”

“ of course! ”

အဖျော်အဆက်သမားကမ်းပေးလာတဲ့ ရှန်ပိန်တစ်ခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်တဲ့အချိန် ဘေးမှာရပ်နေကြတဲ့ မိန်းမပျို‌တွေဆီက လက်ခုပ်သံခပ်ဆူးဆူးတွေက ဆောနူနားထဲကို တန်းခနဲ။

ရှန်ပိန်တစ်ခွက်သောက်တာက ဘာတွေထူဆန်းနေလို့လဲ?။

ဆောနူကဒီလိုနေရာမျိုးကိုသိပ်က်ြိုက်တာ။
အရမ်းကြိုက်လွန်းလို့တောင် ကိုယ်ပိုင်ဘားထောင်ထားပြီး တောင်ကိုရီးယားတစ်မြေလုံးမှာရှိ‌တဲ့ဘားတွေကို တစ်ညတစ်လှည့်ဆီပတ်ကာ ဇိမ်ခံနေတတ်သည်။

သွေးသန့်အိုမီဂါတွေရှိတဲ့အရပ်ဆို ဆောနူကပိုလို့တောင်နေပျော်သေးသည်။
ဒါကြောင့်လည်း ဝီလီယမ်ဂင်မ်ခြေချတဲ့ ဘားတွေဆို အိုမီဂါ၊ဘီတာကအစ မျိုးတူအယ်ဖာတွေအထိ နာမည်ကြီးနေတတ်တာမျိုး။

“ hey ဝီလီယမ်..
ယူ့ကို ကိုယ့်ရဲ့ဘားမှာတွေ့ရတာ ဂုဏ်ယူစရာပဲနော် ”

ပျားရည်လိုမျိုးချိုတဲ့အသံပိုင်ရှင်က ဆောနူရဲ့ပခုံးထက်ကိုလက်တင်ရင်း သဘောကျဟန်ပြောသည်။
ဒါဟာ လှည့်မကြည့်ရင်တောင် ဆောနူအခုရောက်နေတဲ့ devils ဘားရဲ့ပိုင်ရှင် မိုနီကာ ပဲဆိုတာ တန်းတန်းသိ၏။

ဆောနူမျက်နှာထက် အပြုံးတစ်ခုဆင်ရင်း မိုနီကာ့ဘက်လှည့်ကာ လက်သွယ်သွယ်တို့ကိုအနမ်းတစ်ချက်ပေးလိုက်သည်။
စိမ်းရင့်ရင့်အရောင်တွေပဲ ပါသော ရင်ဟိုက်ပြီးအလွန်တိုတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ မိုနီကာက ဆောနူမျက်လုံးထဲမှာ အရမ်းလှတဲ့မိန်းကလေးနေရာမှာပါသည်။

𝗕𝗲 𝗠𝗶𝗻𝗲! [ 𝗦𝘂𝗻𝗝𝗮𝗸𝗲 ]Where stories live. Discover now