ရစ်ခီရဲ့ပေါက်ပြဲပြီးသွေးစလေးတွေခပ်စို့စို့ ဖြစ်နေတဲ့နှုတ်ခမ်းသားနုနုပေါ်ကို ထယ်ရယ်ဆေးတို့ထားတဲ့ဝါဂွမ်းတံသေးသေး နဲ့ တို့ထိပြီး ပါးရိုးပေါ်က စွဲနေတဲ့ညိုစိမ်းစိမ်းအကွက်တွေပေါ်ကိုတော့ ပုဝါအဖြူလေးကိုလုံးချေပြီးနောက် ခံတွင်းငွေ့နွေးနွေးလေးပေးကာကြပ်ပူထိုးပေးနေတယ်။
"ကိုယ်တောင်းပန်ပါတယ်"
"ရစ်ခီ့အမှားမဟုတ်ပါဘူး
ဒါပေမဲ့ မက်သျူး နဲ့သင့်မြတ်အောင် ပြန်စကားပြောကြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်
သူသွေးအေးသွားတဲ့အချိန်လောက်ကျရင်ပေါ့"
ကြပ်ထုပ်ထိုးပေးနေတဲ့ ထယ်ရယ်လက်နုနုလေးတွေကို ရစ်ခီ့ လက်တစ်ဖက်နဲ့ ဖမ်းကိုင်ထားလိုက်ပြီးနောက်
"ကိုယ်ထယ်ရယ်ပြောတဲ့အတိုင်းလုပ်မှာပါနောက်ပြီး ကိုယ်ဘေဘီ့အပေါ်ကို မက်သျူးပြောခဲ့သလိုစိတ်မျိုးနဲ့ အရာအားလုံးကိုစတင်ခဲ့တာမဟုတ်ဘူး
ကိုယ်..."
"ဟေး..ဟေး...ရစ်ခီ
ကျွန်တော့်ကိုကြည့်
ကျွန်တော်ယုံတယ်"
ရစ်ခီ့စိုးရိမ်မှုတွေကို မျက်လုံးတွေကတစ်ဆင့်ဖော်ပြနေတာကို အတိုင်းသားမြင်နေရတဲ့ ထယ်ရယ်က ရစ်ခီ့စကားမဆုံးသေးခင်မှာပဲ ပါးရိုးတစ်ဖက်ကိုခပ်ဖွဖွလေးအုပ်ကိုင်လိုက်ရင်း စိုးရိမ်နေတဲ့စိတ်ကိုလျော့ကျသွားစေရန်ပြောလိုက်ပြီးနောက်စကားဆက်လိုက်တယ်"အခု ရစ်ခီကျွန်တော့်အပေါ် ဘယ်လိုစိတ်ခံစားချက်ရှိတယ်ဆိုတာကို ကျွန်တော်သိလဲသိတယ် ယုံလဲယုံတယ်
ဒါတွေကို မက်သျူးနားလည်သွားအောင်ပြောပြပေးဖို့ပဲလိုတာ
ကျွန်တော်ပြောချင်တာကို ရစ်ခီသဘောပေါက်တယ်မလား"
"အွန်း ကိုယ်ကြိုးစားကြည့်ပါမယ်"
ထယ်ရယ့်ဖြောင့်ဖြပြောဆိုမှုအတိုင်း နားထောင်လိုက်နာပေးနေပုံရတဲ့ရစ်ခီကြောင့်စိတ်သက်သာရာရသွားတာတဲ့ထယ်ရယ်ကခပ်ဖွဖွလေးပြုံးပြလိုက်ပြီးနောက်
"ဒါဆိုရစ်ခီ နားလိုက်အုံးလေနော်"