ဝမ်ရိပေါ်က တက်တူးရေးဆွဲတဲ့ပညာရှင်တစ်ယောက်။သူ့ဘဝရဲ့ပထမဆုံး တက်တူးကို အသက် ၁၆နှစ်မှာ သူငယ်ချင်း ရှင်းလီ ရဲ့ကျောကုန်းပေါ် ရေးဆွဲပေးခဲ့တာ။ဝမ်ရိပေါ် က စည်းကမ်းကြီးမားပြီး ရှေးရိုးစွဲတဲ့ မိသားစုကနေပေါက်ဖွားဆင်းသက်လာသူမို့ ဝါသနာဖြစ်တဲ့ တက်တူးရေးဆွဲတဲ့ပညာကို သေချာပေါက်သူ့အိမ်ကလက်မခံခဲ့ဘူး။ဒီလိုနဲ့ အသက်၁၈ နှစ်အရွယ်မှာ အိမ်ကနေခွဲထွက်ပြီး အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ တက်တူးပညာကို ထဲထဲဝင်ဝင်စတင်လေ့လာခဲ့တယ်။
ဝမ်ရိပေါ် အသက် ၂၀။
"ရိပေါ် မင်းရဲ့ဆိုင်အခြေအနေ"
"အင်း ဒီလထဲတော့ ဖွင့်နိုင်လောက်မှာပါ အားလုံးကပြီးနေပြီ ပစ္စည်းတချို့နေရာချဖို့ပဲကျန်တယ်"
"အိုကေ လိုတာရှိရင်ပြောဦး"
"အင်း ကျေးဇူး ရှင်းလီ"
ရိပေါ်က ဖုန်းပြောပြီးတာနဲ့ ပစ္စည်းတချို့ကို နေရာတကျဖြစ်အောင်စီစဉ်တယ်။တစ်ယောက်တည်းမို့ အရမ်းလေးလံတဲ့ပစ္စည်းတွေကိုကျ ပိန်ပိန်ပါးပါးရှိလှတဲ့သူ့ရဲ့ ခန္ဓာကိုယ်ကမနိုင်ဘူး။စိတ်ကတော့ ဆိုင်အသစ်အတွက် အားအပြည့်ဖြစ်နေပေမယ့် ပုံမှန်ယောက်ျားလေးတွေနဲ့ယှဉ်ရင်ပိုမိုသေးကွေးလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြောင့် ရှင်းလီ အားတဲ့ရက်မှ နေရာချဖို့တွေးထားလိုက်ပြီး ကျန်တာတွေအရင်စီစဉ်နေလိုက်တယ်။ရှားရှားပါးပါးသူငယ်ချင်းလေးတစ်ယောက်ကိုလည်း ခဏခဏဒုက္ခတွေခေါ်မပေးရက်၊သူ ဂျီကျလွန်းလို့ အဆွဲခံပေးခဲ့တဲ့ ရှင်းလီရဲ့ကျောပေါ်က တွန့်လိမ်ကောက်ကွေးနေတဲ့ ကြယ် ပုံစံ တက်တူးလေးကို ရှင်းလီက သတိရတိုင်းပြောနေတုန်းမို့ တဖက်ကအားလည်းနာ၊တဖက်ကလည်း ရယ်ချင်သည်။
လုပ်စရာရှိတာလုပ်နေရင်းဖုန်းရဲ့နိုတီသံက "တောင်"ခနဲ ဝင်လာတာမို့ လုပ်လက်စကို ခဏဘေးချထားပြီး weibo ထဲဝင်လိုက်တဲ့အခါ သူ့ရဲ့ pageလေးကို xz_1991 အမည်ရှိတဲ့ အကောင့်တစ်ခုက လာfollowထားတာကိုတွေ့လိုက်ရတယ်။ 85's Tattoo House အမည်ရှိတဲ့ သူ့ရဲ့pageလေးက ဖွင့်ထားတာမကြာသေးတာမို့ like နဲ့ follower အရေအတွက်က ထင်သလောက်မများသေး။ဆိုင်ဖွင့်မည့်ရက်နဲ့နေရာ၊အချိန်တွေကို pageမှာ အရင်တင်ပေးထားတာမို့ စစဖွင့်ချင်းရက်မှာ customer တစ်ယောက်လောက်တော့ရှိပါစေဆိုပြီး စိတ်ထဲက ဆုတောင်းမိတယ်။တက်တူးရေးနေရရင်ပျော်တဲ့သူက အလုပ်နဲ့ဝါသနာ တစ်ထပ်တည်းကျတဲ့အခါ ရှေ့ရေးအတွက်အလိုလိုပျော်မိတာတော့အမှန်ပဲ။