Cut 4

723 13 0
                                    

[Unicode]

"ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ်" (paid gp)

"ငယ်..ကြည့်စမ်း..ဒီပန်းအဖြူလေးတွေကလှတယ်နော်"

ငယ်စိတ်‌ေပြာင်းသွားအောင် ခြံထောင့်မှာရှိသည့်အပင်ပေါ်က အဖြူနှင့်အနီလိုလိုလိ‌ေမ္မာ်လိုလိုပွင့်ညှာလေးတွေရှိသည့်ပန်းပွင့်တွေကိုလက်ညှိုးထိုးပြရသည်။

"ဟယ်..ဟုတ်ပါ့..ဆိတ်ဖလူးပန်းလေးတွေ"

"ဘာပန်း..ဆိတ်ဖရူ..ဖလူ.."

"ဆိတ်ဖလူးပန်း"

"ဆိတ်ဖလူးပန်း"

"မှန်တယ် good job"

လက်ကလက်မလေးထောင်ကာ လှုပ်ယမ်းပြသည်။

"ဆိတ်ဖလူးပန်းတွေကိုငယ်ကြိုက်လား"

"ကြိုက်တာပေါ့..ဒါပေမယ့် ငယ်တို့ခြံထဲမှာမရှိဘူး..ငယ်မန်း‌ေလးမှာဘော်ဒါဆောင်နေတုန်းက ဘော်ဒါဆောင်ရှေ့မှာတော့ရှိတယ်..ဆိတ်ဖလူးပန်းကဒီလိုအချိန်ပဲပွင့်တာ..အဲ့ဒိအချိန်တုန်းကတော့ စာကျက်ရင်အဲ့ဒိအပင်အောက်သွားကျက်တာလေ..ဆိတ်ဖလူးပွင့်တွေကမြေပေါ်မှာလည်းဖွေး အပင်ပေါ်မှာလည်းဖွေးနဲ့ အနံ့ကလည်းစံပယ်ပန်းလောက်မမွှေးပေမယ့် သင်းသင်းလေး..လေအဝှေ့မှတချက်တချက်ရတာမျိုး..အား...အဲ့ဒိတုန်းကအချိန်တွေကိုတောင်သတိရသွားပြီ"

ငယ်ကသူသဘောကျနေတာတွေပြောနေရရင် မျက်လုံးဝိုင်းကလေးတွေက ညအချိန်ရေကန်နက်ထဲကလရိပ်ကလေးလိုပြာလဲ့နေပါသည်။

"နေဦး..."

လူဘေးနားကထပြေးသွားကာ မြေပေါ်ကြွေနေသည့်ဆိတ်ဖလူးပွင့်တချို့ကိုလက်ခုပ်လေးထဲထည့်ယူလာ၏။ ပြီးတော့ သူ့နားထင်ဘေးနားကြားထဲတစ်ပွင့်စီညှပ်ပေးလိုက်ပြန်ကာ...

"လှသွားပြီ..နားပန်းဆံ..နားပန်းဆံ"

‌ကိုလူချောကမိန်းမချောချောတာလို့ပြောရင်လွန်မယ်မထင်။ ဆိတ်ဖလူးပန်းတွေနားမှာညှပ်ပေးထားတော့ ငယ့်မျက်လုံးထဲလှလိုက်တာလေ။ ငယ်လုပ်သမျှ ပြုံးပြုံးကြီးနဲ့ငြိမ်ခံနေတာလည်းချစ်စရာကောင်းနေပါ၏။

"ဟီးဟီး"

မဟုတ်တာလုပ်ထားရင်၊ လုပ်ချင်တာလုပ်ထားရင် ပြုံးလေ့ရှိတဲ့အပြုံး။ ထိုအပြုံးကို လေးညိုချောကငါးခူပြုံးလို့အမည်ပေးထားသေး၏။

ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ် (Completed) Where stories live. Discover now