*Hi......*
messager မှဝင်လာသောစာလေးကို မင်းခန့်ကိုတစ်ယောက်ကြည့်မိရင်း
*Hi...*
*ဘယ်ကလဲဗျ*
*မန်းလေးကပါ*
*နာမည်ဘယ်လိုခေါ်လဲ*
*မင်းခန့်ညီပါ*
*ကျနော့်နာမည် စစ်မင်းပိုင်ပါ။ အသက်ကရော*
*25 ပါ bro?*
*21 ဗျ... ချစ်သူရှိလား*
*မရှိပါဘူးဗျာ*
*ဒါဆို ချစ်လို့ရတယ်ပေါ့*
*မည်သူမဆို ချစ်ခွင့်ရှိသည်*
ထိုစာကိုဖတ်ပြီး စစ်မင်းပိုင်တစ်ယောက် ပြုံးမိလေသည်။
*တစ်ယောက်ထဲဘဲချစ်ချင်တာ*
*ဘယ်ကလဲ ညီ*
*ပြင်ဦးလွင်ကပါ*
*မိသားစုဘယ်နှစ်ယောက်လဲ*
*ညီအစ်ကိုနှစ်ယောက်ရယ် အမေရယ် အဖေရယ်ပါဗျ*
*အစ်ကိုက ချောလား 😁*
*ဘာလုပ်မလို့လဲ*
*ချောရင် တွဲချင်လို့ အကောင့်လေးလင်းပါ*
*အကောင့်တော့မရှိဘူး ဖုန်းနံပါတ်ယူမလား*
*ပေးလေ*
*အစ်ကိုက gay မဟုတ်ဘူးနော်*
*ရပါတယ် ပေးမှာသာပေးပါ*
*ပေးမယ်လေ ဒါပေမဲ့ အစ်ကိုက ယောကျ်ားလေးမကြိုက်ဘူးနော်*
*ဒါကတော့ ကြိုးစားကြည့်ရမှာဘဲလေ*
ထိုစာကြောင့် စစ်မင်းပိုင် အောင့်သက်သက်ဖြစ်သွားကာ ရွဲ့ပြီး အစ်ကိုဖြစ်သူ၏ဖုန်းနံပါတ်ကို ပေးလိုက်လေသည်။
*ကျေးဇူးညီရေ*
ဖုန်းနံပါတ်ရသည်နှင့် Viber ထဲဝင်ကြည့်လိုက်ရာ မီးစိမ်းနေသည်ကိုတွေ့သဖြင့်
*hi...*
Viber မှ စာဝင်လာသောကြောင့် အေးမင်းပိုင်လည်း ဖတ်ကြည့်ပြီး သူမသိသော နံပါတ်အစိမ်းဖြစ်နေရာ
*ဘယ်သူလဲ*
*bro မတွေ့တာကြာပြီနော်*
*ကျနော့်ကို သိလို့လားဗျ*
YOU ARE READING
Guardian
Romancestraight ကောင်လေးတစ်ယောက်က Uke လေးကို အရမ်းချစ်မိသွားတဲ့အခါ ဘယ်လိုမျိုး သဝန်တိုမလဲ။ ဘယ်လိုမျိုး ဂရုစိုက်မလဲ။ သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကရော သက်ဆုံးတိုင် မြဲနိုင်ပါ့မလားဆိုတာ ဆက်လက်ရှုစားပေးကြပါဦး