[The 1975 _ About You(Recommed song)]
သူ့ကျောပြင်ထက်ကအမာရွတ်တွေကိုshirtတစ်ထည်ဝတ်လို့ဖုံးလိုက်သည်။လက်ကောက်ဝတ်ကအမာရွတ်အတွက်နာရီကိုဝတ်ဆင်လိုက်သည်။ဒီနေ့ကတော့ဂယူဗင်းရဲ့ထူးခြားတဲ့နေ့လေးဘဲ။ဘာနေ့လဲဆိုတော့ဂယူဗင်းရဲ့ အသက်နှစ်ဆယ်ခြောက်နှစ်ပြည့်မွေးနေ့လေးလေ။ဒါပေမဲ့လည်းကျက်သရေတုံးစွာဘဲအလုပ်ကခွင့်မပေးတာမို့အလုပ်ကိုသွားရအုံးမှာဖြစ်သည်။ဂယူဗင်း စိတ်ဆင်းရဲပျော်ရွှင်စွာနဲ့ဘဲ မြေအောက်ရထားဘူတာထဲကိုဝင်လာလိုက်တော့သည်။
''အာ့ တောင်းပန်ပါတယ် ကျွန်တော်အလျင်လိုနေလို့ပါ"
''ရပါတယ်''
''ဟုတ် ဒါဆိုသွားတော့မယ်နော်''
''ဟုတ်ပြီ''
သူ့ကိုဝင်တိုက်သွားတဲ့ကောင်လေးကသေချာကြည့်ရင်တော်တော်လေးချောတာ။ဆံပင်အဖြူရောင်လွင့်လွင့်လေးနဲ့အပြုံးချိုချိုလေး။သေချာတယ် ဒုတိယတစ်ခေါက်တွေ့ရင်တော့ဂယူဗင်းသေချာပေါက်မိတ်ဆက်ပြီးရင်းနှီးမှု့ယူပစ်မယ်။ခုတော့အလုပ်ကိုမှီအောင်သွားကြပါစို့။
.....
''ဂျာကြီးရေ''
''ဟေ့ကောင် ဂျယ်ယူ ဘာလဲ''
''ဂျာကြီးတောင်းထားတဲ့စာရင်းတွေညနေမှပေးလို့ရမလား ညကမီးကပျက်တော့အိပ်ပျော်သွားလို့ပါ''
''အေး ရတယ် ညနေတော့ရအောင်တင် ၃နာရီနောက်ဆုံးဘဲ''
''ဟု...ဟုတ်''
အရင်နေ့တွေလိုအော်ခံရမယ်ထင်ထားပုံရတဲ့ဂျယ်ယူဟာမျက်လုံးပြူးရင်းကြည့်နေတာမို့ဂယူဗင်းပြန်သာပြုံးပြလိုက်သည်။မွေးနေ့မှာတွေ့လာရတဲ့ဖူးစာရှင်လေးကြောင့်ဂယူဗင်းလက်အောက်ကလူတွေအကုန်ဒီနေ့တော့ချိုသာယဥ်ကျေးတဲ့ဂယူဗင်းကိုတွေ့ရမည်မှာမလွဲဧကန်ဖြစ်လေသည်။
''ဟင် ဘာလေးလဲ''
ဂယူဗင်းသူ့လွယ်အိတ်ကိုဖွင့်လိုက်တော့ဘူးအညိုအသေးလေးကရှိနေသည်။သေချာပေါက်ဂယူဗင်းဟာလည်းမဟုတ်သလို လမ်းမှာဝယ်လာမိတာလည်းမဟုတ်။ဘာလို့ဆိုဂယူဗင်းအိမ်နဲ့မြေအောက်ဘူတာကကပ်ရပ်ဖြစ်ပြီး သူ့စီးတဲ့မြေအောက်ရထားဘူတာကနေထွက်လိုက်တာနဲ့သူ့အလုပ်ကိုရောက်ပြီမို့လမ်းမှာဟိုဟိုဒီဒီလည်းမဝင်ခဲ့ ၊ မရပ်ခဲ့ရပါဘဲထိုဘူးလေးဟာဆန်းကြယ်စွာသူ့လွယ်အိတ်ထဲရောက်နေတာဖြစ်သည်။