~ 1 ~

246 11 0
                                    

နှင်းဖြူတွေနဲ့ဖုံးလွှမ်းနေတဲ့ ခုံတန်းလေးတစ်ခု၌ ဆံပင်ရွှေအိုရောင် ၊ မာဖလာ အဖြူတစ်ထည် ၊ သိုးမွှေးအင်္ကျီထူထူနှင့် ခွေးလေးတစ်ကောင်းနဲ့အတူ ထိုခုံတန်းလေး၌ထိုင်နေသော ကောင်မလေးတစ်ယောက်ပင်။

"hankeu-yah အိမ်ပြန်ကြရအောင် နောက်ကျနေပြီ"

"Woof~~~"

သူမတို့နှစ်ယောက်အိမ်သို့ တစ်ရွေ့ရွေ့နှင့် ပြန်လာခဲ့ကြသည်။တစ်ခဏအကြာမှာပင် သူမတို့နေထိုင်သောတိုက်ခန်းငယ် တစ်ခုကိုရောက်ရှိနေပြီ။အိမ်ထဲမှာ သူမခွေးလေးကိုခဏဝင်ထားလိုက်သည်။

"hank ငါမင်းအတွက်စားစရာတစ်ခုခုဝယ်ခဲ့ပေးမယ်"

hankလည်းစိတ်လှုပ်ရှားသည့်ပုံနှင့် တစ်ခုန်ခုန်ဖြစ်နေသည်။

"sit down hank"

သခင်စကားကိုအလွန်နားထောင်သည့် hankလေးမှာ သူမပြောသည်နှင့်ပင်ထိုင်ချလိုက်သည်။

"Good boyငါ့ကိုစောင့်နေနော် hank"

ဒါနဲ့ပဲသူမလည်းစတိုးဆိုင်သို့ထွက်လာခဲ့သည်။
‌နှင်းတွေ ပိုပြီးကျလာပြီ။သူမလဲ အေးနေပြီဆိုင်ရှိရာသို့သာ အမြန်ပြေးထွက်လာသည်။

"ဟူး...အေးလိုက်တာ ဝါး ဟိုနားလေးမှာဆိုင်လေးတစ်ခုပဲ"

သူမဆိုင်လေးထဲသို့ တံခါးလေးကို အသာတွန်းကာ ဝင်လာလိုက်တယ်။နိဗ္ဗာန်ကိုရောက်သွားသည့်အလား သူမကြိုက်သည်ဆိုတော့ မုန့်တွေ အခြားအရာတွေများသာ ဆိုင်မှာရှိနေသလိုပင် သူမမှင်သက်ခံစားမိပါသည်။ဝယ်လို့သာရလျှင် သူမတစ်ဆိုင်လုံးပါမကျန်အောင်ဝယ်မိမယ်ထင်မိသည်။

သူမအတွက်လိုအပ်သောအရာများမုန့်အနည်းငယ်နှင့် hankအတွက်ပါသူမဝယ်လာလိုက်တယ်။စတိုးဆိုင်တံခါးလေးကိုအဖွင့် သူမလည်းအထွက် လေပြေတစ်ချက်က သူမ၏မို့တက်နေသော ပါးပြင်လေးကိုဖြတ်သန်းရိုက်ခတ်သွားခဲ့သည်။သူမသဘောကျမိပြန်သည်။ထို့နောက် သူမကြိုက်သော အဆိုတော်၏သီချင်းလေးအနည်းငယ်ကိုသာ ညည်း၍အိမ်သို့ပြန်လာလိုက်သည်။

အိမ်သို့ရောက်သော်

"hankeu အိပ်နေပြီထင်တယ်"

𝐈'𝐋𝐋 𝐇𝐎𝐋𝐃 𝐘𝐎𝐔 𝐈𝐍 𝐌𝐘 𝐇𝐄𝐀𝐑𝐓Where stories live. Discover now