UNICODE
မနက်ခင်းတွေမှာ ဒယ်ဒီနဲ့ပါပါးဟာ အလုပ်ကိုအတူတူသွားလေ့ရှိပေမယ့် ဒီမနက်မှာတော့ ရန်ပွဲကြေအေးပြီးတဲ့နောက် ပါပါးဟာအလုပ်တစ်ရက်နားမယ်လို့ဆိုတယ် ။ အဲ့အချိန် ဒယ်ဒီကတော့
" ဟုတ်လို့လားကွာ တစ်နေရာရာနေမကောင်းလို့လား ကိုယ့်ကိုပြောပါဦး "
ဒယ်ဒီကတော့ အကဲပိုစွာပြောနေတာကို အော်စကာကြားလိုက်ရတာမလို့ နှာမှုတ်လိုက်မိတယ် ။
" ငါနေကောင်းပါတယ် အံ့ဘွယ်ရာ ငါ့ကိုစိတ်ပူမနေနဲ့ မင်းယောကျာ်း တစ်ရက်လောက်အလုပ်မသွားပဲ အိမ်မှာအေးအေးဆေးဆေးနားတာ မင်းမမြင်ချင်ဘူးလား "
ပါပါးရဲ့စကားဆုံးတော့ ဒယ်ဒီ့ဆီက ဘာအသံမှမကြားရတော့ချေ ။ ထိုအချိန် အော်စကာလည်း မနက်စာစားလို့ပြီးပြီမလို့ ပါပါးထိုင်ခုံနားကိုလျှောက်သွားပြီး
' ပါပါးရေ ပါပါးချက်ကျွေးတဲ့ ဒီမနက်စာလေးက အရမ်းကောင်းတာပဲ နူးအိနေတဲ့အသားတွေရော ထမင်းကိုဟင်းရည်နဲ့နယ်ပေးထားတာရော နို့တွေပါ အော်စကာအရမ်းကြိုက်တယ် '
ပါပါးကိုမနက်စာဘယ်လောက် စားကောင်းကြောင်းပြောတော့
" ငါ့သားလေးကမှ လိမ္မာသေးတယ် မနက်စာစားလို့ဝသွားပြီမလား အကုန်ပြောင်အောင်စားထားတာပဲ "
ပါပါးကအော်စကာ့အစာခွက်ကလေးကိုလှမ်းကြည့်ပြီး ခေါင်းကို ဖွဖွလေးပွတ်လို့ဆိုလာတော့ အော်စကာငြိမ်ကာမှေးခံပြီး လက်နှစ်ဖက်ပေါ်ခေါင်းတင်လို့ကြမ်းပြင်မှာ ဝပ်နေမိတယ် ။
" မောင် မင်းကိုယ့်ကို အော်စကာ့လောက်တောင် မလိမ္မာဘူးပြောနေတာလား "
" မရစ်စမ်းနဲ့ အံ့ဘွယ်ထွဋ်ခေါင်ရာ "
ဒယ်ဒီက ပါပါးစိတ်မဆိုးဆိုးအောင် လိုက်စပြီး အပြောခံလိုက်ရရင်တော့ မျက်နှာကြီးမဲပုတ်နေမယ်ဆိုတာ အော်စကာထမကြည့်ရင်တောင် သိနေခဲ့ပြီ ။
" ကိုယ့်ယောကျာ်းလေး သဘောအတိုင်းပါပဲ "
ထိုစကားပြောပြီးရင်တော့ ဒါဟာဒယ်ဒီ့ဘက်က အလံဖြူပြတဲ့ပြယုဂ်ပါပဲ ။ ထို့နောက်မှာတော့ ဒယ်ဒီအလုပ်သွားတာမလို့ အော်စကာဟာ ပါပါးနဲ့နှစ်ယောက်တည်းအတူရှိရတော့မယ်ဆိုပြီး ပျော်ရွှင်ကာခုန်ပေါက်နေခဲ့ပါတော့တယ် ။ သို့ပေမယ့် အော်စကာ့အပျော်တွေက စောသွားတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့