Episode-1

286 7 0
                                    

>>>Unicode <<<

"မာန်ရေ..ငါလာတယ်နော်။"

"ဘယ်လိုလဲ နေရတာအဆင်ပြေရဲ့လား။"

"အာ...မင်းကငါ့ကိုစိတ်ကောက်နေတာလား။sorry ပါကွာငါလည်းမင်းဆီကိုလာချင်တာပေါ့။ဒီရက်ပိုင်းငါအလုပ်တွေအရမ်း အရမ်းရှုပ်နေလို့ပါ"

"ကဲပါ စိတ်ကောက်မနေနဲ့တော့ ဟုတ်ပြီလား။ ငါအခုရောက်နေပြီပဲ။ ဒီမှာကြည့်စမ်း..ငါဘာဝယ်လာလဲဆိုတာ"

"အာပူရှာပူလေ။ မင်းအရမ်းကြိုက်တာမှတ်လား။ထုံးစံအတိုင်းပဲ ဆီကြက် အဖက်မထည့်ဘူး၊ပဲပင်ပေါက်များများလေးနဲ့ စပ်စပ်လေး။အော်ပြီးတော့ ဟင်းရည်ကို အရည်ကြည်ပဲ။ ငါတို့စားနေကျ ဆိုင်ကပဲလေ။ကျောင်းပြေးတိုင်းသွားနေကျဆိုင်လေ..။မင်းမှတ်မိသေးလား။ ငါတို့ငယ်ငယ်တုံးက အကြောင်းတွေကို။ အဲ့တုန်းကငါတို့တွေ တော်တော် ဗရုပ်ကျခဲ့တာနော်။ ဟက်..မင်းကအဆိုးဆုံးပဲ။ ဖြစ်နိုင်ရင်လေ ငါတို့ငယ်ငယ်တုံးက အချိန်တွေကိုပြန်သွားလိုက်ချင်တယ်။ အရာအားလုံးကို ပြန်ပြင်ပြီးတော့ ငါတို့ရဲ့အနာဂတ်ဆိုတဲ့ ဟာကြီးကို ပြန်ပြင်လိုက်ချင်တယ်။"

"မာန်...ငါမင်းကိုသိပ်သတိရတာပဲကွာ။ "

မျက်ရည်လေး ဝဲတဲတဲနဲ့အဝေးတစ်နေရာကိုကြည့်ကာ လွမ်းဆွေးနေသည့်ကောင်လေးတစ်ယောက်။ သိပ်ချစ်ရတဲ့ ချစ်သူ ကို ဆုံးရှုံးလိုက်ရတဲ့အတွက် မဖြည်သိပ်နိုင်အောင်နာကြင်မှု၊ နောင်တ ကြီးစွာနဲ့ ဝမ်းနည်းပက်လက် ဖြစ်နေသော ထိုကောင်လေး။

"အဲ့တော့ငါက ဒီတိုင်းရပ်နေရမှာလား..."

နံရံကိုကျောမှီပြီး ဇတ်ညွှန်းစာရွက်ကိုစိတ်မပါလက်မပါနှင့် ဖတ်နေသည့်သူ။ အလိုမကျမှုတွေက မျက်နှာပေါ်မှာအထင်သားပေါ်နေသည်။

"ခွေးကောင်...ငါဒီမှာ Mood သွင်းနေတယ်လေ။ ဘယ်လိုလုပ် စကားထပြောရတာလဲ။"

ထွက်လက်စ မျက်ရည်ကြည်တို့တောင် အတောင့်လိုက်ပြန်ဝင်သွားရသည့်အဖြစ်။ ကောင်းခန်းရောက်မှ မီးကပျက်တယ် ဆိုသလိုပင် သကောင့်သားသည် EPC နဲ့အမျိုးတော်သလားမသိ။

အခုလည်းကြည့်လေ သေချာကို ခံစားချက်အပြည့်အဝနဲ့ mood သွင်းပြီးပြောနေတဲ့သူကိုမှ အားမနာ ဖျက်လို့ဖျက်ဆီးနဲ့။ စာရွက်လေးကိုင်းပြီးဒီတိုင်းလေးရပ်နေရတာကို သူမှာတော်တော် အပန်းကြီးနေသယောင်~

🐾သီးသန့် ဖြစ်တည်မှု🐾Where stories live. Discover now