>>>Unicode <<<
အဖြောင့်ကောင်အား.မြှူစွယ်ခြင်း..အပိုင်း(၂)
"ရှား.."
"ဘာလဲကွာ"
"မင်းကတကယ့်ကို..အသားဖြူတာပဲနော်"
"အင်း..ဘာလို့လဲ ငါ့လိုအသားအရည်မျိုးလိုချင်လို့လား"
"ဟင့်အင်း.."
"ဘာလို့လဲ..မင်းပဲဖြူဥနေတာပဲဆိုပြီး..အားကျတဲ့လေသံကြီးနဲ့ပြောနေပြီးတော့"
"ငါပြောတာက...မင်းရဲ့အဲ့လိုဖြူဖြူဥဥလေးအသားရေလေးက..မင်းနဲ့လိုက်တယ်လို့ပဲပြောတာ ငါအသားဖြူချင်ပါတယ်လို့မပြောဘူး"
ခက်ထန်က ပုံမှန်လူတွေနဲ့ယှဥ်ရင်တော့အနည်းငယ်ညိုတဲ့ဘက်သွားတဲ့အသားရည်ရယ်၊ထူထဲနက်မှောင်လွန်းတဲ့ ဆံနွယ်တွေကိုပိုင်ဆိုင်ထားတဲ့ လူရည်သန့်တစ်ယောက်ပင်ဖြစ်သည်။
သူ့ထက်ရှားနှင့်မတူသည့်အချက်က..သူ့ထက်ရှာက ခက်ထန်ထက်စာရင် ပိုပြီးအသားဖြူသည် ။ဖြူသည်ထက် ပို၍နူးညံ့သည့်ဘက်သို့သွားသည့်အသားအရည်မျိုးဖြစ်သည်။
ဒါကြောင့်နှစ်ယောက်ယှဥ်လိုက်ရင် အမြဲကလေးလိုဆက်ဆံခံရသည်မှာ ထုံးစံလိုကိုဖြစ်နေတော့သည်။
"ဟိုဘက်လှည့်.."
"ဘာ..ဘာလုပ်မလို့တုန်း.."
"မင်းကျောကုန်းကိုဂျီးတွန်းပေး မလို့လေ.."
"ငါ့ဘာသာလုပ်မယ်.."
"ရှား..ရေချိုးခန်းထဲမှာအချိန်ကြာပြီး..ဖျားသွားရင်.."
ဆိုပြီးတော့..မျက်ခုံးတစ်ချက်ပင့်ပြတယ်..။ ဒီအကျင့်ကိုမကြိုက်တာ..။
ကိုယ်တစ်ခုခု ပြိုင်ငြင်းဖို့ကြိုးစားလိုက်တိုင်း..လက်လျှော့လိုက်တော့ဆိုတဲ့ အကြည့်..။
မင်းငါ့ကိုမပြိုင်ခြင်စမ်းပါနဲ့ဆိုတဲ့ပုံစံ..။
"အရှုပ်ထုတ်ကောင်.."
ပြောပြောဆိုဆိုနဲ့ပဲ...သခင်လေးရဲ့သဘောတော်ကျ ဟိုဘက်လှည့်ပေးလိုက်ရသည်။
YOU ARE READING
🐾သီးသန့် ဖြစ်တည်မှု🐾
Teen Fictionအဖြူသပ်သပ် ဆက်နွယ်မှုမှ ရိုးရှင်းစွာ နဲ့ပဲ....မြတ်နိုးမိခဲ့ပါတယ်။ # LotusAhri-61🐾