-Unicode-
အလင်းရောင်တစ်စွန်းတစ်စသာ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အမှောင်ချဂိုဒေါင်ကျယ်ကြီးထဲ အေးစိမ့်နေတဲ့လေထုနဲ့အတူရေကူးကန်ကြီးတစ်ခုက ကြက်သီးထလောက်စရာတည်ရှိနေတဲ့အပြင် ထိုရေကန်ဘေးအသက်ရှူသံပြင်းပြင်းတွေနဲ့ အလှမ်းဝေးလွန်းတဲ့ကပစ်မှတ်ကို အကြောဖြိုက်ဖြိုက်ထောင်နေတဲ့လက်တွေဖြင့် မောင်းတင်ထားတဲ့သေနတ်ကိုမြှောက်ကိုင်ကာ သေချာချိန်နေတဲ့ မျက်ဝန်းတွေကသွေးဆာနေတဲ့သားရဲလို ထက်ရှလွန်းနေတာများအရှိန်အဝါတွေအပြည့်နဲ့။ မကြာပါ ဟိန်းထွက်လာတဲ့ကျည်သံနဲ့အတူ အလယ်မှတ်တည့်တည့်နေရာကို ဖောင်ဝင်သွားတဲ့ကျည်နှစ်ချက်။
*ဒိုင်း.! ဒိုင်း..!*
ရလဒ်အတွက် ကျေနပ်သွားတဲ့အခါ ကော့တက်လာတဲ့ ညာဘက်နှုတ်ခမ်းပါးပါး။ မဲ့ပြုံးတွေ..လူသတ်လက်နက်တွေထက်ပိုအဆိပ်ရှိတယ်လို့ တင်စားနိုင်တဲ့ထိုအပြုံးတွေက ကြောက်စရာကောင်းအောင် အိမ်မက်ဆိုးတွေပေးနိုင်တယ်။ ဘေးက စားပွဲပေါ် သေနတ်အားပစ်တင်ပြီး ဆိုဖာကြီးထက်ဝင်ထိုင်ပစ်လိုက်သည့်ထိုလူက နေရကြပ်စွာရင်ဘတ်ကကြယ်သီးတွေတစ်လုံးဆီဖြုတ်ပစ်လိုက်သည်။ တဖြည်းဖြည်းထင်းပေါ်လာတဲ့ ညိုစိမ့်စိမ့်အသားအရည်နဲ့ အပြင်းအထန်လေ့ကျင့်မှုတွေကြောင့် အချိုးကျကျပြည့်တင်းနေသောရင်အုပ်တွေထဲ ဝင်ရောက်ဖူးတဲ့ Lady တွေကတကယ့် Lucky girl တွေပဲဖြစ်လိမ့်မယ်။
ဖန်ခွက်အပုထဲ ရေခဲနှစ်တုံးလောက်ပစ်ထည့်ပြီး တစ်စုံတစ်ယောက်ရွေးပေးထားတဲ့ ဝီစကီပုလင်းအားစောင်းငှဲ့ထည့်ကာ ဝင်လာမဲ့ဖုန်းကောလ်အား အရသာခံသောက်ရင်းစောင့်ကြည့်နေလိုက်သည်။ မိနစ်ပိုင်းလောက်အကြာ လင်းလက်လာတဲ့ phone screen..!
ခပ်ထေးထေးကျေနပ်ပြုံးတွေ လှုပ်ရှားသွားတဲ့စလုတ်ထင်းထင်းနဲ့ နှုတ်ခမ်းလွှာကြားကထွက်လာခဲ့တဲ့အသံဩဩ။
"Hello ကိုကို"
"Kim Taehyung..! မင်းဘာတွေလုပ်ထားတာလဲ အခုဘယ်မှာလဲ Company အထိရဲတွေမင်းကိုလာရှာသွားတယ်သိလား..!"
"ဖြည်းဖြည်းပြောပါဗျာ ကျွန်တော့်ကိုကိုမောနေရောမယ်"
"မေးတာဖြေ! ဒီကိစ္စကြောင့် Company တစ်ခုလုံးဘယ်လောက်ထိခိုက်သွားနိုင်သလဲမင်းသိလား"