"အမိန့်!!!အဘ...ဦဘညိမ်း၏သား မောင်စိမ်းထက်ဇော် အား ပြစ်မူဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/က ၃၀၄ အရ ကိုမင်းခံ့မော် ကို ရည်ရွယ်ချက်ရှိရှိ မသေမချင်း ဓားဖြင့်ထိုးသတ်ခဲ့ပါကြောင်းပြစ်မူ့ပေါ်လွှင်ထင်ရှားပါသဖြင့် အလုပ်ကြမ်းနှင်ထောင်ဒဏ် နှစ် ၃၀ ကျခံစေ !!!"စိမ်း နူတ်ခမ်းကိုခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်သည်။ ရင်ဘတ်ထဲမှာကမ္ဘာပျက်မတတ်ကြောက်ရွံ့နေခဲ့ပေ့မယ့် အားနည်းချက်ကို ထုတ်မပြမိ။ သူကို ရီဝေရွံ့ရှာစွာ စိုက်ကြည့်နေတဲ့ အမေ့ရဲ့အပြုံးတွေက သူရင်ကိုဓားနဲ့ အစိမ်းလိုက်ခွဲနေသလို။
တရားခံကသားဖြစ်သူ တရားလိုကမိခင်။ ရယ်စရာကောင်းလိုက်တဲ့လောကကြီး ။ တဏှာဖုံးရင် ဘယ်အရာကိုမမြင်နိုင်တော့ပေသည်လား။ အချစ်လို့ခေါင်းစဥ်တပ်ရအောင်လဲ ခံခဲ့ရတဲ့သူက သူ...။
အချစ် ...အချစ် ဟက်!!အချစ်ကြောင့်ပဲ သေခဲ့ရသည်။ အချစ်ကြောင့်ပဲ ဘ၀ပျက်ခဲ့ရပြီ။ အချစ်ကြောင့်ပဲ အရာရာကို မိုက်ရူးရဲဆန်စွာ အဆုံးသတ်ခဲ့မိသည်။
အပြစ်ရှိသူက မိမိလား ၊ အမေဖြစ်သူလား ဒါမှမဟုတ် ထိုလူလား....
>>>>>>>>>>>>>>>>>>>>
"ချွတ် ချွတ် !!"
စိမ်း လွယ်အိတ်လေးကို ဆုပ်ကိုင်ရင်း ဖြည်းဖြည်းလျှောက်နေစဥ် နောက်က ခေါ်သံကြောင့် လှည့်ကြည့်မိလိုက်သည်။
"အို "
ဆိုင်ကယ်ပေါ်မှာထိုင်နေရင်းမျက်စိမှိတ်ပြလာသူခပ်ချောချောအစ်ကိုကြောင့် သူရှက်သွားရသည်။ ဘယ်လိုလူလဲ လူကိုဘာထင်နေလို့လဲ ။ တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ်။
"ဟွန့်!"
စိမ်း မျက်စောင်းထိုးပြစ်လိုက်ကာ ခပ်သွက်သွက်လေး လျှောက်လိုက်မိသည်။
"ဟားဟားးဟား!!"
နောက်ကနေ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သံက စိမ်းကို အနေကျုံသွားစေကာ တစ်ကိုယ်လုံးတုန်လှုပ်သွားမိသည်။
"မုန်းဖို့ကောင်းတဲ့သူကြီး "
စိမ်း ထိုလူနဲ့ဝေးရာ ခပ်မြန်မြန်လျှောက်နေမိသည်။ ငါက ဘာလို့ပြေးလာရတာလဲ ။ ငါလဲယောကျ်ား သူလဲယောကျာ်း ငါကဘာဖြစ်လို့ ရှက်ရမှာလဲ ။ တွေးရင်းနဲ့ခုန်နေမိသည့်ရင်အစုံကို လျစ်လျူရူ့ကာ စိမ်း အိမ်ကို အမြန်ပြန်လာခဲ့မိသည်။