Uni
My Dear Husband
part 1...
2023ခုနှစ်.... November 6ရက်... ရန်ကုန်မြို့
ရေညှိရောင်သံတံခါးကြီးကို အကာအရံပြုလို့ ေနာက်ကွယ်မှာတော့ မြက်ခင်းစိမ်းပြေပြေလေးရယ်.... လွတ်လပ်ပေါ့ပါးစွာ အတောင်ဖြန့်လျှက်ဆော့ကစားနေတဲ့ လိပ်ပြာငယ်တွေရယ်... ပြီးတော့ အုတ်ခုံလေးကိုဘောင်ခတ်လို့ စိုက်ပျိုးထားတဲ့ morning flower ပန်းရောင်စုံလေးတွေရယ်... အင်း! မနက်ခင်းအငွေ့အသက်ဟာ ပန်းချီကားတချပ်လိုပါပဲ..။
လက်ချောင်းသွယ်သွယ်တို့ရဲ့ စေစားချက်အတိုင်း ဆေးစက်ကျရာအရုပ်ထင်နေတဲ့ ဖြူလွှလွှစာရွက်ကလေးပေါ်မှာ လက်တွေ့နီးပါးအသက်ဝင်နေတဲ့ ဆွဲလက်စ နှစ်ထပ်တိုက်ပုံ ပန်းချီကားတချပ်ရှိတယ်။ မိန်းကလေးတွေလို ဖော့ဖယောင်းကဲ့သို့ ပျော့ပြောင်းလှတဲ့ လက်တွေမဟုတ်သော်လည်း ကြွက်သားအချို့ရှိနေသည့် ရွှေလက်တစ်စုံကို ထိုအမျိုးသားငယ်ကပိုင်ဆိုင်ထားတယ်။
သူရိန်နေမင်းကြီးရဲ့အလင်းရောင်ပြေပြေဟာ အရိပ်ရသစ်ပင်ကြီးအောက်တွင်ထိုင်ကာ ပန်းချီဆွဲနေသော ထိုလူသားအပေါ်ဖြာကျလာတဲ့အခါ ထိုလူသားရဲ့ ညိုြမမြအသားအရည်ဟာ ရွှေရောင်သန်းလုလု။ နဖူးပြေပြေပေါ်သို့ ဖရိုဖရဲကျနေသော နောက်မြင့်ကေနှင့် ခပ်နက်နက်ဆံနွယ်တချို့က သွေးကြောစိမ်းတွေသွယ်ယှက်နေတဲ့ လည်တိုင်ကျော့ကျော့နဲ့ ပနံသင့်နေသေးတာ။
ဝိုင်းစက်နေတာမျိုးမဟုတ်ပဲ လခြမ်းသဏ္ဏာန်မျက်ဝန်းတစ်စုံရဲ့ မျက်ဆံနက်နက်လေးတွေနဲ့... နုတ်ခမ်းထက်မှာ အေးချမ်းစွာဖြစ်ပေါ်နေတဲ့ အပြုံးရေးရေးတို့ဟာ သူ၏ ဆွဲလက်စပန်းချီကားကို စိတ်ကျေနပ်နေသည့်အနေအထားတစ်ခုကို ဖော်ညွှန်းနေသယောင်။ မေးရိုးထင်းထင်းတွေနဲ့ မျက်နှာလေးက ဆေးစက်အနည်းငယ် ပေ ကျံ နေသော်လည်း အေးချမ်းမှု့ဓာတ်အခံရှိပုံပဲ။
ရှပ်အင်္ကျီအဖြူကို တံတောင်ဆစ်အထိခေါက်တင်ထားတာကြောင့် သွေးကြောတို့ထောင်ထနေသော လက်ဖျံက ကြွက်သားအချို့ကို အတိုင်းသားမြင်နေရသည်။ စတိုင်ပန်အရှည်ကိုဝတ်ဆင်ကာ ခုံရှည်ပေါ်တွင်ထိုင်နေရင်း မြက်ခင်းပြင်ပေါ်သို့ ခြေအနည်းငယ်ဆင်းလျှက် ထိုင်နေတာကြောင့် 188cmရှိတဲ့ အရပ်နဲ့ စမတ်ကျလွန်းပါသည်။