Description

49 5 0
                                    

Unicode

Original Description

သူက လူတိုင်းရဲ့ အမြင်မှာ မျက်စိကျိန်းစရာကောင်းအောင်တောက်ပ‌တဲ့ ခပ်မိုက်မိုက်ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါးပါပဲ။

ကောင်းကင်ကိုတောင်ဆန့်ကျင်နိုင်တဲ့လုပ်ပိုင်ခွင့်တွေနဲ့အတူ သူကိုယ်တိုင်ဖန်ဆင်းထားတဲ့ကမ္ဘာထဲသို့၀င်ရောက်ခဲ့တယ်။

သူကဘုရင်တစ်ပါးလိုပဲသူလုပ်ချင်တဲ့အရာတွေကိုလုပ်နိုင်ခဲ့တယ်။

မဟုတ်ဘူး!! အဲ့ဒါတွေကအမှားတွေ !!

သူကသူကိုယ်တိုင်ပြုလုပ်ထားတဲ့ ရွှေလက်ချောင်း plug-in modifier ကိုဘယ်လိုအသက်သွင်းရမလဲတောင်မသိပေ။

ဖန်ဆင်းရှင်နတ်ဘုရားက လူခန္ဓာကိုယ်ကိုဘယ်လိုအသုံးပြုရမလဲတောင်မသိ။ကံမကောင်းစွာနဲ့ပင် သူကလူအများအမြင်မှာအကျင့်ပျက်ခြစားနေတဲ့အရူးတစ်ယောက်လို့အထင်ခံခဲ့ရတယ်။

သနားစရာကောင်းတဲ့ရူးတူးတူးဖန်ဆင်းရှင်နတ်ဘုရားက သူ့ ဖန်တီးထားတဲ့ system ကပေးလာတဲ့ငွေအကြွေလေးတွေနဲ့ သူကိုကာကွယ်ပေးဖို့ အရိပ်သက်တော်စောင့်တစ်ယောက်ကိုဝယ်ခဲ့တယ်။အဓိကကတော့ ဈေးပေါတဲ့အရာတွေကအမှန်ကိုမကောင်းပေ။သူပိုက်ဆံရှိလာတဲ့တစ်နေ့ကြရင် အဲ့အရိပ်သက်တော်စောင့်ကို လဲပစ်မယ်လို့သူတွေးခဲ့မိတယ်။

သုံးရက်ကြာသွားတဲ့အခါမှာတော့~

F*ck!! ဒီအရိပ်သက်တော်စောင့်ကသူ့အပေါ်အရမ်းကောင်းလွန်းနေတာပဲ!!

။။

Translator 's review

နောက်ပိုင်းရာစု‌တွေမှာလူသားလောကကြီးကအင်မတန်ကိုခေတ်မီလာခဲ့ပြီး သိပ္ပံပညာရပ်ကလည်းအထွတ်အထိတ်ကိုရောက်ရှိခဲ့တယ်။ဒါကြောင့် လူသားတွေက ရောဂါတွေလည်းမဖြစ်ကြတော့ဘူး ၊ နာကျင်မှုတွေ လည်းမခံစားရတော့ဘူး ၊ အန္တာရယ်ဖြစ်စေမဲ့အရာတွေတစ်ခုမှမရှိတော့တဲ့အတွက် သူတို့တွေကသက်ရှိနတ်ဘုရားတွေလိုပဲဖြစ်လာကြတယ်။ MCက ၇၅ နှစ်တိုင်တိုင် သူလိုချင်တဲ့ကမ္ဘာကြီးတစ်ခုကိုဖန်တီးခဲ့ပြီးနောက်ဆုံးမှာသူကထိုကမ္ဘာထဲကို၀င်ခဲ့တယ်။ဖန်ဆင်းရှင်တစ်ယောက်အနေနဲ့ ထိုကမ္ဘာအကြောင်းအကုန်သိနေတဲ့အတွက် သူကိုယ်တိုင်လည်း သူ့မှတ်ဉာဏ်တွေကိုဖျက်ပစ်ခဲ့တယ်။ဖြစ်ချင်‌တော့မှတ်ဉာဏ်အဖျက်လွန်ပြီးအဲ့ကမ္ဘာမှာရှင်သန်ဖို့အဆင်ပြေအောင်လုပ်ထားတဲ့ system ကိုပါမဖွင့်တတ်တော့ဘူး။

Life Going Wild With Plug-ins {Myanmar translation}Where stories live. Discover now