" ကင်မ်ဟိုယောင်း မင်း သားက မင်းငယ်ငယ်တုန်းကအတိုင်းပဲ "
ဟယ်ဆန်းကစက်ရုံတွေကို စစ်ဆေးဖို့သွားရင်း ကင်မ်ဟိုယောင်းက ကင်မ်ထယ်ယောင်းနဲ့ ပတ်ဂျီမင်ကိုပါ ခေါ်လာတာ ဖြစ်လေသည်။ ကင်မ်ထယ်ယောင်းကတော့ အစက မလိုက်ဘူးပြောပေမဲ့ ဂျီမင်ရဲ့
" မလိုက်နဲ့ " ဆိုတဲ့ စကားကြောင့် လိုက်ပါလာတာဖြစ်သည်။ ဂျီမင်တို့အိမ်ကိုအရင်သွားပြီး နေ့လည်စားကို အရင်စားတာ ဖြစ်လေသည်။ ဂျီမင်တို့အိမ်မှာ အဖေရယ် အိမ်မှာဝိုင်းလုပ်ပေးတဲ့ အဒေါ်ကြီးနဲ့ နှစ်ယောက်သာ ရှိလေသည် ။" အေးကွာ ..ငါနဲ့ရမှန်းသိအောင် ပုံတူထုထားတာ "
ကင်မ်ဟိုယောင်းက ပြန်၍စသည်။ ကင်မ်ထယ်ယောင်းက အရှေ့မှာ ချထားတဲ့ ပန်းကန်ကိုကြည့်ရင်း သူ့ဘေးက ဂျီမင်ရဲ့ပုခုံးကို လက်နဲ့ထိလိုက်ရင်း
" ပုဇွန်ခွာပေး?"
" မခွာတက်ရင်မစားနဲ့ "
"ဧည့်သည်ကို ဘယ်လိုဆက်ဆံနေတာလဲ ...အခု ခင်ဗျားအဖေရှေ့မှာ ပြောလိုက်ရမလား ?"
ကင်မ်ဟိုယောင်းနဲ့ ပတ်ဂျီမင်ရဲ့အဖေက စကားကောင်းနေကြပြီး ကင်မ်ထယ်ယောင်းနဲ့ ပတ်ဂျီမင်ကို မကြည့်အားပေ။
" ဒါငါ့အိမ် ..မကျေနပ်ရင်ထွက်သွား .."
" သွားစရာလား ...ကင်မ်ထယ်ယောင်းဆိုတဲ့ကျုပ်က အမြဲဆန့်ကျင်ဘက်ပဲရွေးတယ် "
" သားဘာဖြစ်နေတာလဲ ?"
ဂျီမင်ရဲ့အဖေက ဂျီမင်တို့ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့စကားပြောနေတာကို တွေ့သွားတာမို့ ဖြစ်လေသည်။
" ဒီနှစ်ကောင်တော့ ရန်ဖြစ်နေပြန်ပြီလား ?"
ကင်မ်ဟိုယောင်းကတော့ အကြောင်းသိထားပြီးသားမို့ တန်းသာမေးလိုက်တော့သည်။ ထိုအခါ ဂျီမင်အဖေက ကင်မ်ဟိုယောင်းကို ကြည့်သည်။
" သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်ပဲ ၊ တစ်ကျတ်ကျတ်နဲ့ "
" ပုဇွန်ဘယ်လိုခွာရမလဲမေးတာကို အိမ်ပြန်ခိုင်းနေတယ် သူက "
ကင်မ်ထယ်ယောင်းရဲ့လက်ညိုးသည် ဂျီမင်ဆီကို ရောက်နေလေသည်။ ဂျီမင်လည်း အံ့ဩလွန်းလို့ စကားတောင် ချက်ချင်းမပြောနိုင်ပေ ။ ဘယ်လိုတောင် ဗလောင်းဗလဲပြောလိုက်နိုင်တာလဲ ? ။