နန်းသွေးငယ်နှင့် တွေ့ဆုံခြင်း

26 0 0
                                    

ငယ်နဲ့စတွေ့တုန်းက
ငယ်ဟာရိုးရိုးယဥ်ယဥ်လေး
ကာလာတွေချယ်မထားဘူး
အတိုအပြတ်တွေမဝတ်တက်ဘူး
သနပ်ခါးခပ်ပါးပါးလူးထားတဲ့သူ့ပါးပြင်ဟာ အမြဲတမ်းအေးမြနေတာပဲ
ဒါကိုယဥ်ယဥ်လေးနဲ့လှတယ်လို့ ခေါ်ရမလားပဲ

ငယ်ဆိုတာ တခြားသူတော့မဟုတ်ဘူး
ကျုပ်တို့ဆယ်တန်းမယ်နယ်ကပြောင်းလာတဲ့အတန်း သူဆိုပါတော့

ငယ့်နာမည်အရင်း က နန်းသွေးငယ်တဲ့။
လူများကတော့ နန်းသွေးပဲခေါ်ကြတာများတယ်

။ကျုပ်ကတော့ ချစ်စနိးနဲ့ငယ်လို့ခေါ်တယ်၊ အသက်အရွယ်အားဖြင့် ငယ်က
ကျုပ်ထက်၁နှစ်လောက်ငယ်တယ်။

ဒါပေမဲ့အတန်းကတူတူပါပဲ၊

အချစ်ကိုမြည်းစမ်းခါစ အရွယ်မှာ
ကျုပ်ဟာ ငယ့်ကိုမြင်မြင်ချင်း
မေတ္တာသက်ဝင်ခဲ့တယ်၊

ချစ်တာမဟုတ်သေးဘူးနော်
မေတ္တာသက်ဝင်တဲ့အဆင့်ပဲရှိသေးတယ်

ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ထဲမှာ
ရယူခြင်းတဏှာရာဂတွေပါနေတယ်
ကျုပ်ကတော့ ရိုးရိုးပဲ မေတ္တာရှိတာ
မေတ္တာသက်ဝင်တာ၊

ပြောသာပြောတာပါ
ငယ့်ကို ရည်းစားစကားပြောဖို့နေနေသာ
စကားတောင်နှုတ်မဆက်ရဲဘူး

ဘာလို့ဆို ငယ်က အနေတည်လွန်းတယ်
ငယ့်မျက်လုံးတွေက ဘေးဘယ်ညာကစားတဲ့
အကျင့်မရှိဘူး တစ်ခုခုကို အာရုံစိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ထားတက်တယ်

ဒါကိုကြည့်ရင်ငယ်ဟာ
ဆုံးဖြတ်ချက်ပြတတ်သားတဲ့သူမှန်း သိသာပါတယ်။ တစ်ခါတစ်လေကျရရင် မျက်စိကစားပြီး ငယ့်ကိုခိုးခိူးကြည့်ဖြစ်တယ်၊

ငယ်ဟာ အလုပ်တစ်ခုလုပ်ရင် အာရုံစိုက်ပြီးလုပ်တက်တဲ့အကျင့်ရှိတယ်၊

အလုပ်ကိုအာရုံစိုက်လုပ်တက်တဲ့လူရဲ့ ဟန်ပန်အနေအထားဟာ သိပ်ကြည့်ကောင်းတယ်၊

မမြင်ရတဲ့ခွန်အားတစ်မျိုးပါဝင်နေတယ်၊ ငယ့်အကြောင်းတွေနဲ့ ပက်သတ်ပြီးစုံစမ်းဖို့ ကျုပ်ကြိုးစားပါသေးတယ်၊

ဒါပေမဲ့ ငယ်ဟာ အပေါင်းအသင်းရှားလွန်းတယ်၊ မာနကြီးတာလား လူကြောက်တာလားတော့ မသဲကွဲဘူး၊ သူ့ခုံဘေးထိုင်တဲ့ ပိုးအိတို့ကိုတောင် လိုအပ်မှစကားပြောလေ့ရှိတယ်၊

ဆိူတော့ ကျုပ်အနေနဲ့ ငယ့်အကြောင်းစုံစမ်းရတာ နည်းနည်းကသိကအောင့်ကျတယ်ဆိုပါတော့၊

တစ်နေ့ကျတော့
ကျုပ်သတင်းတစ်ခုကြားလိုက်ရတယ်
ငယ်အိမ်အပြန်မှာ အတန်းထဲက ယောကျားလေးနှစ်ယောက်ကစာလိုက်ပေးလို့တဲ့။
ဖိုးမောင်နဲ့ မြဦးလို့ သိရတယ်။
ငယ်ဘာပြန်ပြောခဲ့လဲ လက်ခံခဲ့လား သိပ်ပြီး စိတ်ဝင်စားတယ်၊
ဘာလို့ဆို ကျုပ်ကငယ့်ကိုတစ်ဖက်သက်မေတ္တာရှိနေတာကိုး၊

မကြာပါဘူး အတန်းစခါနီး
ဖိုးမောင်နဲ့မြဦး အခန်းထဲဝင်လာတော့
ဖူးယောင်နေတာပဲ၊ အာလူးသီးတွေနဲ့ မျက်နှာက မြင်မကောင်းရှု့မကောင်း၊ ငယ့်ကိုကြည့် တော့ သူဘာမှမသိသလို ပုံစံမျိုးနဲ့၊ ခပ်အေးအေးခပ်တည်တည်ပဲ

နောက်မှသိရတာက ဟိုနှစ်ကောင်စာလိုက်အပေးမှာ ငယ့်ဘော်ဒီဂတ်တွေနဲ့ တိုးသွားလ်ု့ အကျွေးခံလိုက်ရတယ်ဆိုတာပါပဲ။

🙂ဆက်ရေးပါဦးမည်

You've reached the end of published parts.

⏰ Last updated: Nov 11, 2023 ⏰

Add this story to your Library to get notified about new parts!

အကယ်၍ ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့်ရခဲ့သော်Where stories live. Discover now