E.7

3.9K 88 1
                                    


ရှိန်းရုံးရောက်တာနဲ့ ကော်ဖီတစ်ငုံသာသောက်ပြီး metingစလိုက္ကာ အချိန်2နာရီကျော်ကြာတော့ အဆုံးသက်ကာ နှုတ်ဆက်ပြီးအစည်းအဝေးပြီးလိုက်တော့တယ်။

"boss ဒီကော်ဖီခွက်ကအေးနေပြီမို့အသစ်...."

"မထိနဲ့..."

ရေးကော်ဖီခွက်စီ လက်လှမ်းလိုက်ချိန် bossအသံမာမာကြီးကြောင့် လမ်းတစ်ဝက်မှာရပ်တန့်သွားသည်။

"မင်းတဂယ်လျှာရှည်တယ်ရေး လက်မှက်ထိုးရမဲ့ဟာတွေယူပြီးအခန်းထဲလိုက်ခဲ့"

ရှိန်းကော်ဖီခွက်ကို အမြန်ယူလိုက်ပြီး metingခန်းထဲကထွက်သွားတော့သည်။ ရေးကတော့ ကုန်းကုန်းကွကွနဲ့ဘာဆက်လုပ်ရမလဲလမ်းပျောက်လို့သွားကာ ခနအကြာမှာတော့ ficတွေယူပြီးbossနောက်လိုက်ရတော့သည်။

"ကိုယ်ဝိုင်းသယ်ပေးရမလား "

ရေး အရှေ့ကလူတစ်ယောက်ပိတ်ရပ်လာကာ ရေးလက်ထဲကficတစ်ချို့ကိုလှမ်းကိုင်လာသည်။

"မလိုဘူး ကိုယ့်လမ်းကိုသွား"

ရေးထိုလူလက်ကficတို့ကိုစောင့်ဆွဲပီး ဘေးကရှောင်ကာ ထွက်သွားတော့သည်။ ဟိုနေ့ပြီးထဲကရေးကတော့နဲ့ တစ်ခန်းထဲမနေတော့ပဲ အရင်သူ့အခန်းကိုပြန်ပြောင်းသွားကာ တော့အစကရေးရှက်နေလို့လားဟုတွေးပြီး ခနလွှတ်ထားလိုက်ပင်မဲ့ အဲ့ကစပြီး ရေးနဲတော့က ဝေးကွာသွားကာ ရေးကအလုပ်တစ်ဖက် တော့ကအလုပ်တစ်ဖက်နဲ့ သူတို့ဆက်ဆံရေးကအရင်လိုမဟုက်တော့ကာပြောင်းလဲသွားတော့သည်။

အခုလဲတိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ တော့ကကူညီဖို့လုပ်တာကိုရေးလုပ်သွားတဲ့အပြုအမူက တော့ကိုဆွဲထိုးသွားလိုပင် ဆွဲထိုးရင်တောင်သူခံနိုင်သေးပါတယ်။ ရေးဒီလိုပုံကို တော့တဂယ်မခံစားနိုင် ရေးကိုစိတ်ဆိုးစရာသူဘာလုပ်ခဲ့မိလို့လဲ အခန်းခွဲသွားတာလဲ စိတ်ဆိုးလို့လား တော့တဂယ်ပဲမတွေးတက်တော့ပါ။

ရေးမမြင်ချင်တဲ့မျက်နှာကိုမြင်လာရတာမို့ စိတ်ထဲအနည်းငယ်တိုနေသလိုနဲ့ bossအခန်းထဲတံခါးမခေါက်ပဲဝင်လာမိရာ အရင်ကဆိုbossကအော်ဆဲမှာသေချာပင်မဲ့ အခုတော့ လက်ထဲကကော်ဖီခွက်ကိုကိုင်ပြီးပြုံးနေတဲ့bossကဘာတွေသဘောကျနေတာပါလိမ့် သူလာတာတောင်သိပုံမရ ပြီးတော့ တော်ရုံမပြုံးတဲ့bossကနှစ်နှစ်ချိုက်ချိုက်ပြုံးလို့နေသည်။

ErrorWhere stories live. Discover now