🍑 Chapter -15🍑❗

5K 205 7
                                    

>>Unicode >>

🍑THE OMEGA🍑

jk တယောက် ရင်ခွင်ထဲက ကလေးကိုကြည့်ပြီအသဲယားနေမိသည် အရင်ကထက်ပြည့်တင်းလာတဲ့ကိုယ်လုံးက တကယ်ကိုဝက်ပေါက်စလေးနဲ့တောင်တူလာသည် ညကပေးထားတဲ့ခန္ဓာကိုယ့်ကအနီအမှတ်အသားတွေကိုကြည့်ပြီး jk မှာကျေနပ်ရပြန်သည် ဒီလူသားလေးက သူအပိုင်လေးတဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ..

jk တယောက် မင်ငယ်ကိုကြည့်ပြီပြုံးနေစဥ် မင်ငယ်က နိုးလာပြီ အိပ်ယာကအမြန်ထလာ ဘေစင်ရှိရာသို့ပြေးသွားလိုက်သည်

ဝေါ့...အော့..ဝေါ့..

jkလည်းမင်ငယ် ထသွားတာကြောင့် လိုက်ကြည့်ရာ အန်နေတဲ့မင်ငယ်ကြောင့် ကျောပြင်လေးကိုသပ်ချပေးလိုက်သည် ခဏအကြာတော့ မင်ငယ်က အန်တာရပ်သွားသည် ပါးစပ်ကိုပလုတ်ကျင်းလိုက်သည်

"ကလေးလေး.."

"ကိုကို.."

jk ကိုဖက်ပြီးချွဲလာတဲ့မင်ငယ်လေးက မျက်နှာတစ်လုံးဖြူစုတ်နေပြီး အားမရှိသည်ပုံစံမျိုးပင်..

"ကိုကို"

"ဗျာ ကလေးလေး"

"မင်ငယ် အိပ်ချင်သေးတယ် "

"အင်း ကိုယ့် ချီသွားပေးမယ်"

မင်ငယ် ကိုယ့်လေးကိုပွေ့ချီပြီး အိပ်ယာပေါ်တင်လိုက်တော့ မင်ငယ်က jk ကိုပြောလာသည်

"ကိုကို "

"ဗျာ"

"ဖက်ထားပေး"

jk လည်း မင်ငယ်အလိုလိုက်ဖက်ထားပေးလိုက်သည် ပြီးတော့မင်ငယ်ဆံနွယ်လေးတွေကိုနမ်းရှိုက်ရင်း

"ကလေး အခုရက်ကလေး အန်နေတာများနေပြီ ကိုယ့်ကိုဆရာဝန်ပြကြည့်ရအောင် "

"အွန့်..ကိုကိုသဘော"

"လိမ်မာတယ် ကလေးလေးအိပ်နော် ကလေးနိုးမှကိုကိုတို့ ဆရာဝန်နဲ့သွားပြမယ်"

"ဟုတ် ကိုကို"

ခဏအကြာတော့မင်ငယ်က jk ကိုဖက်ရင်းအိပ်ပျော်သွားခဲ့သည် jk လည်းကလေးငယ်နဖူးလေးကိုတချက်နမ်းရှိုက်ပြီး အိပ်ယာကထလိုက်သည်

🍑ᏖᎻᎬ ᎾᎷᎬᎶᎯ 🍑(Completed )Where stories live. Discover now