ချစ်သောဝေ...🌷(Part-5)

707 13 0
                                        

ဒီလိုနဲ့သန့်အိပ်ရာထပြီး ပြန်စရာရှိတာတွေ
ပြင်ဆင်ပြီး ကျောင်းကို ထွက်လာခဲ့တယ်
လမ်းမှာစဥ်စားနေတာ တီချယ်နဲ့
ဘယ်လိုရင်းနှီးအောင် လုပ်ရမလည်းပေါ့။
ကျောင်းရောက်တော့ ပန်းသယ်တွေ့တာနဲ့
သန့်လည်း အပြေးအလွှား ပန်းသွားဝယ်ခဲ့တယ်
ပန်းက နှင်းဆီနီရှိပေမဲ့ သန့်မရွေးချယ်ခဲ့ဘူး။

ဘာလို့ဆို သန့်ကိုငယ်ငယ်က အဘွားက
ပြောဘူးတယ် ကိုယ်ချစ်သူတစ်ဦးကို
နှင်းဆီနီမပေးပါနဲ့တဲ့ သေကွဲမဟုတ်ရှင်ကွဲ
ကွဲတတ်တယ်မြေးရဲ့တဲ့။
သန့်လည်း ထို​စကားတွေကို ပြန်ကြားယောင်ပြီး
ပန်းရောင် နှင်းဆီပန်းလေးကိုဘဲ
နှစ်ပွင့်ဝယ်ခဲ့လိုက်တယ်။

သန့်မှာ နှစ်ပွင့်ဝယ်ရတဲ့ အကြောင်းပြချက်ကောင်းကောင်းရှိတယ်။ဘာလိုဆို
တီချယ်မြသက်လျာဝေ က အမြဲတမ်း
တီချယ်နီညိုရီနဲ့အတူတူရှိနေတတ်တော့
သန့်တယောက်ထည်းကွက်ပေးရင် မသင့်တော့လို့လေ
ပြီးတော့တီချယ်နဲ့ကလည်း မရင်းနှီးသေးတော့
ပန်းကိုသက်သက်ပေးရင် သူတစ်မျိုးထင်မှာဆိုးတယ်။

~~~~~~~~~~~~

သန့်အခန်းထည်းရောက်တော့ လွယ်အိပ်ချပြီး
ပန်းကို လက်ထည်းမှာ ကိုင်ထားပြီး သွားခဲ့တယ်။
တစ်ပွင့်က ပန်းရောင်လေးနဲ့ နောက်တစ်ပွင့်က အနီရောင်ပန်းလေး။
တီချယ်နီညို ဒါကတီချယ်ပန်ဖို့ တီချယ်မြသက်လျာဝေ
အတွက်ပါ။

မြ-အေးသမီးကျေးဇူးဘဲနော်။နောက်ဒါတွေ မဝယ်နဲ့
နော်ဆရာမအတွက် ပိုက်ဆံကုန်တယ်။

သန့်-အော် ဟုတ်....ဟုတ်ကဲ့ပါဆရာမ။

နီညို-မြရယ်ဘာလို့ငြင်းလိုက်တာလည်း ကလေးမလေမှာ မျက်နှာလေးညှိးသွားပြီ။

မြ-အမရယ်မြကအဲ့လို့သဘောမျိုးနဲ့ငြင်းတာမဟုတ်ပါဘူး။ကလေးတွေနဲ့ရင်းနှီမနေချင်လို့ပြောလိုက်တာပါ။သူလည်းပိုက်ဆံကုန်တယ်လေ မုန့်ဖိုးကုန်မှာဆိုးတာကြောင့်ရော ​ကြောင့်မြအတွက်မဝယ်ခိုင်းတာပါ။

နီညို-အင်းပါမြရယ်။လာမနက်စာဝယ်လာတယ်အတူတူစားကြရအောင်။

မြ-ဟု​တ်အမ။

ချစ်သောဝေ...🌷Where stories live. Discover now