Intro

500 39 9
                                    

Part of my every breath ငါရဲ့ရှင်သန်ခြင်းလေး ဆိုတဲ့ အတိုင်း ရိုရိုချိုချိုလေး ရေးထားပါတယ်။

စကားမစပ် ဒီစာအုပ်ခေါင်းစဉ်လေးကလေ မူရင်း Charles Dickens ရေးတဲ့ Great Expectations ဆိုတဲ့ စာအုပ်ထဲက စကားစုလေးပါ။ Part of my every breath ဆိုတာကို ဆရာတစ်ယောက်က ငါ့အသက်ရှင်ခြင်း၊ ငါ့ ၀င်သက်ထွက်သက်လေးလို့ ဘာသာပြန်တာလေးကို သဘောကျပြီး ပေးဖြစ်တဲ့ ခေါင်းစဉ်လေးပါ။ မြန်မာလိုကတော့ မျှော်တလင့်လင့် ဆိုတဲ့ နာမည်နဲ့ ဆရာကြီးရွှေဥဒေါင်းရယ် ဆရာကြီးမောင်ထွန်းသူရယ်က ဘာသာပြန်ထားတာရှိပါတယ်။ (စကားမစပ် နှစ်ယောက်လုံးက ကျွန်တော်အကြိုက်ဆုံး စာရေးဆရာကြီးတွေမို့ပါ)

ချိုချိုလေး ရေးထားတာမို့ ဆီးချို သွေးချိုတက်ရင်တော့ ကျွန်တော့်ကို အပစ်မတင်ကြပါနဲ့။

ငယ်ငယ်လေးကတည်းက အရိပ်တကြည့်ကြည့် စောင့်ရှောက်လာတဲ့ ကောင်လေးကို ချစ်မိသွားတဲ့အခါ...........

ချစ်တယ်လို့ ဖွင့်မပြောရသေးခင် လူကြီးတွေက စီစဉ်ပေးလို့ စေ့စပ်လိုက်ရတဲ့အခါ..........

အမြဲတမ်း အကောင်းတွေချည်းပဲ ဖြစ်နေရင် ဘ၀ကြီးက ပျင်းစရာကြီးပေါ့။

မွှေနှောက်၀င်လာပြီး ရိုက်ခတ်မယ့် ကံကြမ္မာ လှိုင်းတံပိုးတွေကို Binthew couple လေး ကျော်ဖြတ်နိုင်ပါ့မလား......။

Sad ending တွေမှ သဘောကျတဲ့ ကျွန်တော်နဲ့ Happy Ending ပဲ ဖြစ်စေချင်တဲ့  ဒါဒါတို့ကြားမှာ ဒီ Binthew Fic လေး ဘယ်လို ဇာတ်သိမ်းသွားမလဲ ဆိုတာကိုလည်း စောင့်ဖတ်ပေးကြပါဦး။

တခြား OTP လုံး၀ မပါ၀င်ဘဲ Binthew ပဲ ပါမှာပါ။

Fic အကြောင်းမဟုတ်ဘဲ ပြောချင်တာက ကျွန်တော်က Zerose ပါ။ အဲ့ဒါကြောင့် ZB1 member 9 ယောက်လုံးကို ချစ်ပါတယ်။ 9 ယောက်လုံးကို ချစ်လွန်းလို့လည်း ကျွန်တော်တို့ ဒီအဖွဲ့လေးဖြစ်လာဖို့ သေချာကြိုးစားပြီး vote ခဲ့ကြတာမလား။ နည်းနည်း စာရေးသူတစ်ယောက်မဟုတ်ဘဲ ကျွန်တော် တစ်ကိုယ်ရေ တစ်ကာယ အတ္တအရဆို မက်ချူးလေးကို ပိစိ့လောက် ပိုချစ်ပါတယ်။ BP မှာကတည်းကပါ။

Main OTP က Binthew ပေမယ့် Woongthew လည်း ship သလို ကြိုက်ပါတယ်။ Gyujin ကလည်း BP မှာကတည်းက သဘောကျတာပါ။ Shentaerae လည်း ship ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ မက်ချူးကို ပတ် ship ရတာ ကြိုက်ပါတယ်။

ပြီးတော့ Fic ထဲက ဇာတ်ကောင်တွေက အပြင် Idol life က Idol တွေ မဟုတ်ဘဲ ကျွန်တော် (ရူးကြောင်ကြောင် စာရေးသူ) ဖန်တီးထားတဲ့ ဇာတ်ကောင်မို့ Fic ဖတ်ရင်း စိတ်တိုရရင် ကျွန်တော့်ကို ဆဲပါ။ သဘောကျပြီး အချစ်ပိုရရင်တော့ ကျွန်တော်တို့ရဲ့ ကလေးလေးတွေကို ပိုချစ်ပေးကြပါနော်။

ပြီးတော့လေ တစ်ပတ်ကို ဘယ်နှစ်ပိုင်း တင်မယ်ဆိုတဲ့ ကတိမျိုး မပေးတော့ဘူးနော်။

ကျွန်တော်ကတော့ တခြားဟာတွေထက် စာဖတ်သူတွေကို ပိုချစ်ပါတယ်။ စာဖတ်ပြီး ချန်ပေးခဲ့တဲ့ မန့်တစ်ခုချင်းစီက တကယ်အားဖြစ်ရပါတယ်။

ဒီFic လေး ကိုလည်း စောင့်ဖတ်ပေးကြပါဦး။ ချစ်တယ်နော်။

Part of my every breath Where stories live. Discover now